Religious Terms for Activists & Journalists:အကြောင်းအရာ
၀၀:၅၄၊ ၁၇ ဇွန် ၂၀၁၇ နေ့က Jrc-admin (ဆွေးနွေး | ပံ့ပိုး) ("=== ဖြစ်တည်မှု ===..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်) တည်းဖြတ်သည့်မူ
မာတိကာ
ဖြစ်တည်မှု[ပြင်ဆင်ရန်]
ဤဝဘ်ဆိုဒ်သည် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၅) ရက်အထိ ရန်ကုန်မြို့ ဖန်တီးရာတွင် ကျင်းပခဲ့သော PeaceTech Exchange (PTxMM) မှပေါ်ထွက်လာသော စီမံကိန်းတစ်ခုဖြစ်ပါသည်။ စီမံကိန်းအတွက် USIP မှ ပံ့ပိုးကူညီထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံဓမ္မတက္ကသိုလ်ရှိ ယုဒဿန် သုတေသနစင်တာမှ အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်ပါသည်။
ရည်ရွယ်ချက်[ပြင်ဆင်ရန်]
အဓိကရည်ရွယ်ချက်မှာ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများတွက် ရည်ညွှန်း ကိုးကားရန်၊ အချက်အလက်များကို လွယ်ကူလျင်မြန်စွာ စစ်ဆေးခြင်းအားဖြင့် အမုန်းစကားများကို လျော့ချရန် ကြိုးပန်းမှုတစ်ရပ်ပါသည်။
လုပ်ငန်းစဉ်[ပြင်ဆင်ရန်]
ဖော်ပြထားသော စကားလုံးများကို လူငယ်များနှင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ကြိမ်၊ သက်လတ်ပိုင်း ဘာသာရေးဦးဆောင်သူများနှင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ကြိမ် ပြုလုပ် စုဆောင်းခဲ့ပါသည်။ ထို့အပြင် အွန်လိုင်းမှလည်း ဖောင်ဖြည့်၍ ပါဝင်သူများလည်း ရှိခဲ့ပါသည်။ စကားလုံးများ၏ ရှင်းလင်းချက်များကို သက်ဆိုင်ရာ ဆရာတော်ကြီးများ ထံသို့ပေးပို့မေးမြန်းကာ စုဆောင်းခဲ့ပါသည်။
နည်းပညာ[ပြင်ဆင်ရန်]
ဝဘ်ဆိုဒ်တည်ဆောက်မှုတွင် ဝီကီပီဒီးယားတွင် အသုံးပြုထားသော မီဒီယာ ဝီကီ အသုံးချ အွန်လိုင်း စီမံခန့်ခွဲမှု စနစ်ကို အသုံးပြု၍ တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ဝဘ်ဆိုဒ်လွှင့်တင်မှုအတွက် ပွင့်လင်းရင်းမြစ် (Opensource)နည်းပညာများကို အသုံးပြုထားပြီး မြန်မာစာအတွက် နိုင်ငံတကာစံနှုန်းဖြစ်သော ယူနီကုဒ်စနစ်ကို အသုံးပြုထားပါသည်။
ရှေ့လုပ်ငန်းစဉ်[ပြင်ဆင်ရန်]
စကားလုံးများကို အလျဉ်းသင့်သလို ဆက်လက် ဖြည့်စွက်သွားမည် ဖြစ်သည်။ အကြုံပြုချက်များ၊ ထည့်သွင်းရန် လိုအပ်သည်ဟု ယူဆသော စကားလုံးများကိုလည်း ပေးပို့နိုင်ပါသည်။
ပါဝင်ကူညီပံ့ပိုးသူများ[ပြင်ဆင်ရန်]
ဆရာကြီး Al-Haj ဦးအေးလွင်
ဆရာကြီး ဒေါက်တာလှထွန်း
ဆရာကြီး ဦးဇော်ဝင်း
ဆရာကြီး ဦး Brajesh Kumar
ဆရာကြီး ဒေါက်တာ ဦးစောလှိုင်ဘွား