၇၈၆

Religious Terms for Activists & Journalists မှ
၁၃:၀၀၊ ၂၈ ဩဂုတ် ၂၀၁၇ နေ့က Jrc-admin (ဆွေးနွေး | ပံ့ပိုး) တည်းဖြတ်သည့်မူ

(ကွဲပြားမှု) မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ခုနှစ်ရာရှစ်ဆယ့်ခြောက်ဟူသော သင်္ချာသင်္ကေတမှာ အစ္စလာမ်ဘာသာဝင်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော အလ္လာဟ်၏ ထွဋ်မြတ်ဆုံးသော ဂုဏ်တော်နှစ်ပါးကို ဖော်ညွှန်းထားချက် ဖြစ်ပါသည်။

“မပြတ်မစဲသနားကြင်နာညှာတာတော်မူထသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသော (မဟာနုဒယောမဟာနုကမ္ပကော)အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏”

"IN THE NAME OF ALLAH THE MOST LOVING THE MOST MERCIFUL” ဟု အဓိပ္ပါယ်ထွက်သော အာရဗီစာပေနှင့် ရေးသားထားသော ဝါကျမှ အက္ခရာတို့အား ကိန်းဂဏန်းတို့နှင့် ဖလှယ်ကာ တွက်ချက်ထားခြင်းဖြစ်ပါသည်။ ယင်းဂဏန်းဗေဒ NUMEROLOGY မှာ အစ္စလာမ် သာသနာနှင့် မသက်ဆိုင်ဘဲ အာရဗ်တို့၏ ရိုးရာယဉ်ကျေးမှု ဖြစ်၏။ မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ ဘေးရန်ကင်းရန် လာဘ်လာဘရွှင်စေရန် ဘုရားရိပ်၊ တရားရိပ်ခိုလှုံ၍ ကာကွယ်စောင့်ရှောက်မှုခံယူသည့် သဘောဖြင့် အတိုကောက် အလွယ်အသုံးချခြင်းဖြစ်သည်။

ခွဲခြားဆက်ဆံရန် မဟုတ်ပေ။ ဟလလ်အစားအသောက် စားလိုသူတို့အလွယ်တကူ ရှာဖွေနိုင်ရန် စားသောက်ဆိုင်တို့တွင် ရေးထားလေ့ရှိ၏။

ခွန်၊ ရှစ်၊ ခြောက် ဂဏန်းပေါင်း၍ (၂၁)ရာစုတွင် အစ္စာလမ်တစ်ကမ္ဘာလုံးလွှမ်းရန် ISLAMIZATION သင်္ကေတဆိုသည်မှာ လုံးဝမှားပါသည်။ အစ္စလာမ်တွင် သာသနာပြုခြင်းဟူသည့် အယူအဆပင် မရှိ။ အမှန်တရားကို လက်ခံ၊ ငြင်းဆိုနိုင်ပြီး၊ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါသည်။ ဖန်ဆင်းရှင်က အားလုံးကို ယုံကြည်သူဖြစ်အောင် လုပ်နိုင်သော်လည်း မလုပ်ဟု အကြိမ်ကြိမ် မိန့်ဆိုထားပါသည်။ မတူကွဲပြားမှုရှိခြင်းမှာ ဖန်ဆင်းရှင်၏အလိုတော်ဖြစ်ပါသည်။