နဗီ

Religious Terms for Activists & Journalists မှ
၁၄:၃၁၊ ၁၅ ဩဂုတ် ၂၀၁၇ နေ့က Jrc-admin (ဆွေးနွေး | ပံ့ပိုး) (နဗီ၊ (NABI) တမန်တော် (PROPHET)) တည်းဖြတ်သည့်မူ

(ကွဲပြားမှု) မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

နဗီ၊ (NABI) တမန်တော် (PROPHET)[ပြင်​ဆင်​ရန်​]

ကမ္ဘာအနှံ့၌ ပွင့်ပေါ်ခဲ့သော လာခြင်းကောင်းတော်မူသည့် မဟာလူသား၊ ရွှေဉာဏ်ထူးရ အမြတ်ဆုံး မနုဿများကို အာရဗီစာပေဖြင့် ခေါ်ဆိုခြင်းဖြစ်၏။ မြန်မာမွတ်ဆလင်တို့သည် နဗီကို တမန်တော်ဟူ၍ ဘာသာပြန်ဆိုထား၏။ မနုဿလူသားတို့အနက် အသန့်ပြန့်ဆုံးသော ကိုယ်ကျင့်သိက္ခာနှင့် အမြင့်မားဆုံးသော ဉာဏ်စခန်းကို ချီးမြှင့်ခြင်းခံရသော ပုဂ္ဂိုလ်မြတ်တို့အား နဗီဟူသော စကားက ရည်ညွှန်းခြင်းဖြစ်သဖြင့် မြန်မာ စာပေ၌ လာရှိသော အမြင့်ဆုံးရွှေဉာဏ်ထူးကို ပိုင်ဆိုင်သည့် လာခြင်းကောင်းတော်မူသော မဟာလူသား ‘ဘုရား’ဟူသော အနက်နှင့် လိုက်လျော ညီထွေမှုရှိ၏။ အကယ်စင်စစ် ရစူ(လ်)ဟူသည် မဟာလူသား ပုဂ္ဂိုလ်ထူးကြီးတို့အား အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူသည့် အလ္လာဟ်က ‘ဝဟီ’ ဗျာဒိတ်တော်ကို မဟာဗြဟ္မာ ကောင်းကင်တမန် ဂျီဘရအိလ်မှတဆင့် ချီးမြှင့်တော်မူ၏။ အဆိုပါ ရွှေဉာဏ်ထူးမှာ မည်သည့် ဖန်ဆင်းခံ လူ၊ နတ်၊ ဗြဟ္မာတို့ထံကမှတဆင့်ခံ သင်ယူရရှိခဲ့ခြင်းမဟုတ်သော ဆရာမကူသည့် သယ္ဘူဉာဏ်ဖြစ်၏။ ခေတ်ကာလ တစ်ခုအတွက် ရွေးချယ်စေလွှတ် ပွင့်ပေါ်ခဲ့သည့် ရစူ(လ်)တို့ထံ ချီးမြင့်သည့် ဓမ္မတရား တော် တို့သည် ကာလ၊ ဒေသ၊ ပရိသတ်၏ ဉာဏ်ရည်လိုအပ်ချက်နှင့် လျော်ညီစွာ တန်ဆာဆင်၍ ကျရောက် လာခြင်းဖြစ်သော်လည်း အနှစ်သာရမှာ ကမ္ဘာနှင့်အဝန်း ပွင့်ပေါ်ခဲ့သည့် လာခြင်း ကောင်းတော်မူသော မဟာ လူသားမြတ်တမန်ထံ ပို့ချတဲ့တရားအားလုံးတို့နှင့် အနှစ်သာရပိုင်းတွင် ထပ်တူ ထပ်မျှပင်ဖြစ်၏။ ခေတ်ကာလ နှင့် နေရာဒေသအပိုင်းအခြားအလျောက် ပွင့်ပေါ်ခဲ့သည့် ရစူ(လ်)များထံ ချီးမြှင့်ခဲ့သည့် တရားထူးတရားမြတ် တို့ အတိုင်း ထိုခေတ်၌ ပွင့်ပေါ်သော နဗီတို့က ဟောကြားကြပေသည်။ နဗီတို့ထံ ပုံစံအသစ်ဖြင့် တရားတို့ မကျရောက်တော့သော်ငြားလည်း အနန္တဉာဏ်ပေါင်းချုပ် အလ္လာဟ်နှင့် နဗီတို့မှာ ဉာဏ်ပိုင်းဆိုင်ရာဆိုင်ရာ ဆက်သွယ်မှုရှိကြ၏။ နဗီတို့မှာ ရွေးချယ်ခံ ပုဂ္ဂိုလ်ထူးတို့ဖြစ်၏။ မည်သည့်မနုဿလူသားကမှ ‘နဗီ’ဖြစ် အောင် ကျင့်ကြံအား ထုတ်ယူ၍ မရပါ။ မွတ်ဆလင်တို့သည် လောက၌ ပွင့်လေပြီးသမျှသော ခေတ်ကာလ၊ နေရာဒေသ တိုင်းမှ နဗီ၊ ရစူ(လ်) မဟာလူသားတို့အား တပါးမျှပင် ကွဲခြား၊ ချန်လှပ်ခြင်း မရှိဘဲ ယုံကြည်ရ၏။ အဆိုပါ လာခြင်းကောင်းတော်မူသော မဟာလူသားပုဂ္ဂိုလ်မြတ်တို့က ကိုးကွယ်ရာ အစစ်အမှန်ကို ညွှန်ပြရန် ပွင့်ကဲ့ခြင်းဖြစ်သဖြင့် မိမိတို့အား ကိုးကွယ်ကျရန် မတိုက်တွန်းခဲ့ပေ။ လူသားတို့အနေဖြင့် ထိုမဟာလူသား တို့အား ရိုသေလေးစား ဂါရဝတရားအပြည့်အဝဖြင့် ကြည်ညိုမြတ်နိုး အချစ်တရား ထားကြရမည်သာဖြစ်၏။