"ဂျီဟတ်" ၏ တည်းဖြတ်မှု မူကွဲများ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
(Created page with "<nowiki>ဂျီဟတ်ဟူသော ဝေါဟာရ ဆင်းသက်လာသည့် ရင်းမြစ်စကားလုံးမှာ ‘ဂျီဟ...")
 
စာကြောင်း ၁ - စာကြောင်း ၁ -
 +
== ဂျီဟတ် ==
 +
=== ဂျီဟဟ် (အသံထွက်များ) JIHAD ===
 
<nowiki>ဂျီဟတ်ဟူသော ဝေါဟာရ ဆင်းသက်လာသည့် ရင်းမြစ်စကားလုံးမှာ ‘ဂျီဟာဒါ’ ဖြစ်ပါသည်။ ဝီရိယ စိုက်ထုတ်ကြိုးပမ်းမှု၊ ရုန်းကန်မှု၊ အားထုတ်မှု TO  STRIVE, TO  STRUGGLE, TO  TRY HARD, TO  EXERT  EFFORT, ENDEAVOR ဟူ၍ အဓိပ္ပါယ်ရပါသည်။ ဘာသာရေးစစ်ပွဲ (RELIGIOUS WAR), မြင့်မြတ်သည့်စစ်ပွဲ (HOLY  WAR)  စသည့်အဓိပ္ပါယ်များလားလားမျှ မဟုတ်ပါ။ မည်သည့်စစ်ပွဲမှ ဘာသာရေးနှင့် ဆက်စပ်ခြင်း၊ မြင့်မြတ် ခြင်း ကို မဖြစ်နိုင်ပါ။ (NO  WAR  CAN  BE  RELIGEOUS  OR  HOLY)။</nowiki>
 
<nowiki>ဂျီဟတ်ဟူသော ဝေါဟာရ ဆင်းသက်လာသည့် ရင်းမြစ်စကားလုံးမှာ ‘ဂျီဟာဒါ’ ဖြစ်ပါသည်။ ဝီရိယ စိုက်ထုတ်ကြိုးပမ်းမှု၊ ရုန်းကန်မှု၊ အားထုတ်မှု TO  STRIVE, TO  STRUGGLE, TO  TRY HARD, TO  EXERT  EFFORT, ENDEAVOR ဟူ၍ အဓိပ္ပါယ်ရပါသည်။ ဘာသာရေးစစ်ပွဲ (RELIGIOUS WAR), မြင့်မြတ်သည့်စစ်ပွဲ (HOLY  WAR)  စသည့်အဓိပ္ပါယ်များလားလားမျှ မဟုတ်ပါ။ မည်သည့်စစ်ပွဲမှ ဘာသာရေးနှင့် ဆက်စပ်ခြင်း၊ မြင့်မြတ် ခြင်း ကို မဖြစ်နိုင်ပါ။ (NO  WAR  CAN  BE  RELIGEOUS  OR  HOLY)။</nowiki>
 
 

၁၂:၄၀၊ ၁၃ ဩဂုတ် ၂၀၁၇ ရက်နေ့က မူ

ဂျီဟတ်

ဂျီဟဟ် (အသံထွက်များ) JIHAD

ဂျီဟတ်ဟူသော ဝေါဟာရ ဆင်းသက်လာသည့် ရင်းမြစ်စကားလုံးမှာ ‘ဂျီဟာဒါ’ ဖြစ်ပါသည်။ ဝီရိယ စိုက်ထုတ်ကြိုးပမ်းမှု၊ ရုန်းကန်မှု၊ အားထုတ်မှု TO STRIVE, TO STRUGGLE, TO TRY HARD, TO EXERT EFFORT, ENDEAVOR ဟူ၍ အဓိပ္ပါယ်ရပါသည်။ ဘာသာရေးစစ်ပွဲ (RELIGIOUS WAR), မြင့်မြတ်သည့်စစ်ပွဲ (HOLY WAR) စသည့်အဓိပ္ပါယ်များလားလားမျှ မဟုတ်ပါ။ မည်သည့်စစ်ပွဲမှ ဘာသာရေးနှင့် ဆက်စပ်ခြင်း၊ မြင့်မြတ် ခြင်း ကို မဖြစ်နိုင်ပါ။ (NO WAR CAN BE RELIGEOUS OR HOLY)။

ဆင်းရဲခြင်း၊ စာမတတ်မြောက်ခြင်း၊ ဖိနှိပ်ခံရခြင်းစသည့် မညီမျှမှု၊ နိမ့်ကျမှုများမှ လွတ်ကင်း အောင် ကြိုးပမ်းအားထုတ်မှုတို့ကို ဂျီဟဒ်ဟုခေါ်ပါသည်။ နှလုံးသားမှ အကုသိုလ်စိတ်ကို တွန်းလှန်ခြင်းမှာ အမြတ်ဆုံး ဂျီဟတ်ဟု မဟာတမန်တော်မြတ်မိန့်ပါသည်။ မင်းဆိုးမင်းညစ်၏ အဓ္ဓမမှုတို့အား ထောက်ပြဝေဖန်မှု ကိုလည်း ဂျီဟတ်ဟု တရားတော်က ဖွင့်ဆိုထားပါသည်။ ဘာသာမတူသူတို့၏ ကြိုးပမ်းအားထုတ်မှုအား ဂျီဟဒ်ဟူသော အသုံးအနှုန်းဖြင့် ကုန်အန် ကျမ်းမြတ်တွင် ဖော်ပြထားပါသည်။ လောကကို အလှဆင်၍ ကောင်းမှုမှန်သမျှ ပြုခြင်း၊ အဖျက်အမှောက်လုပ်ငန်းမှန်သမျှ ရှောင်ခြင်းတို့အား အလ္လာဟ်လမ်း၌ ကြိုးပမ်းမှုဟု ကု(န်)အာန် ကျမ်းမြတ်တွင် အကြိမ်ကြိမ်ဖော်ပြထားပါသည်။

မတရားဖိနှိပ်ခံရမှုနှင့် အဓမ္မကျူးကျော်တိုက်ခိုက်ခံရပါက မလွှဲမရှောင်သာသော အခြေအနေတွင် ပြန်လည်ခုခံခွင့် (SELF DEFENCE)ကို တရားတော်က အကန့်အသတ် (CONDITIONS) မြောက်များစွာ ဖြင့် ခွင့်ပြုထားပါသည်။ ယင်းကဲ့သို့ မတရားကျူးကျော်စစ်ကို ခုခံကာကွယ်ရာတွင် မိမိဘက်မှ မလွန်ကျူးဘဲ တစ်ဖက်မှ ငြိမ်းချမ်းရေးလိုလားကြောင်း နိမတ်လက္ခဏာပြသည်နှင့် ငြိမ်းချမ်းရေး ရယူရမည်ဖြစ်သည်။ စစ်ရပ်စဲသွားချိန်တွင် ရန်သူတို့အား ဘေးကင်းလုံခြုံရာကို အစောင့်အကြပ်တို့ဖြင့် ပို့ဆောင်ပေးရန်ကိုလည်း တရားတော်က သတ်မှတ်ထားပါ သည်။

အရေးကြီးဆုံးအချက်မှာ ခုခံကာကွယ်ရေးစစ်တို့မှာ ဘာသာသာသနာကြီးထွားရန် မဟုတ် သလို တစ်ပါးသူ၏ တိုင်းနိုင်ငံတို့ကို အဓမ္မမတရားနယ်ချဲ့လွှမ်းမိုးခြင်း လုံးဝမဟုတ်ပါ။ သာသနာရေး တွင် အဓမ္မ စနစ်မရှိစေရဟူ၍လည်းကောင်း၊ အမှန်တရားကို အသိပညာဉာဏ် အလိမ္မာဖြင့် ချိုသာ အေးမြစွာ ဖိတ်ခေါ်ပြီး ကာယကံရှင်မှ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်ဟူ၍လည်းကောင်း တရား တော်၌ ဖော်ပြထားပါသည်။ အစ္စလာမ်ဘာသာတွင် သာသနာပြုခြင်းဟူသော အယူအဆ (MISSIONAR AND PRO CONCEPT) ဟူ၍ပင် မရှိပါ။