၉၆၉

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဗုဒ္ဓဘာသာတွင် ဘုရား၊ တရား၊ သံဃာဟူ၍ ရတနာ သုံးပါးရှိသည်။ ထို ဘုရား တရား သံဃာတို့တွင် သူ့ဂုဏ် အရည်အသွေးနှင့်သူ ရှိသည်ဖြစ်၍ ဘုရားတွင် ဂုဏ်အရည်အသွေး ၉ မျိုး၊ တရားတွင် ဂုဏ်အရည်အသွေး ၆ မျိုး၊ သံဃာတွင် ဂုဏ်အရည်အသွေး ၉ မျိုးဟူ၍ အသီးသီး ရှိကြသည်။ ထိုသို့ အသီးသီး တည်ရှိကြသော ဂုဏ်အရည်အသွေးတို့ကို အဖျားဆွတ်၍ ၉၆၉ ဟု သုံးနှုန်းထားခြင်း ဖြစ်သည်။ ၉၆၉ ဆိုသည်မှာ ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားသော ရတနာသုံးပါးကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။