၀ဟာဗီ ( WAHABI)

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

(၁၈)ရာစုနှစ်က အရှေ့အလယ်ပိုင်းနဂျဗ်နယ်မှ ပေါ်ထွန်းခဲ့သည့် အဗ္ဗဒွလ်ဝဟစ်၏ အတွေးအခေါ်ကို လက်ခံသည့်အုပ်စု၏အမည်ဖြစ်ပါသည်။ ယခင် ဟေဂျာ(စ်)ဟုခေါ်တွင်သော ယခုခေတ်၏ ဆော်ဒီအရေဗျနိုင်ငံကို ထူထောင်ခဲ့သည့် ဘုရင်ဆော့(ဒ်)အား ဘာသာရေးအတွေးအခေါ်တစ်ရပ်ဖြင့် ကူညီခဲ့သူဖြစ်၏။ ဝဟာဗီ အယူအဆသည် ကုန်အာန်ကျမ်းမြတ်နှင့် မိမိတို့က ခိုင်လုံသည်ဟု သတ်မှတ်ထားသော တမန်တော်မြတ်သြဝါဒ တော်ဟဒီးဆ်တို့ကိုသာ လက်ခံ၏။ အစ္စလာမ် ဘာသာဝင်အများစုက လက်ခံထားသော အစ္စလာမ်ဥပဒေဖီကာဟ် (ခေါ်) FIQH ၏ ဦးဆောင်ပညာရှင် သုခမိန်ကြီး (၄)ပါး၏နောက်သို့ လိုက်စရာမလိုဟု ခံယူထား၏။ (၁၄)ရာစုနှစ်က ဆီးရီးယားနိုင်ငံတွင် ပေါ်ထွန်းခဲ့သည့် အစ်ဘနေတိုင်မီယာဟုခေါ်သော ပညာရှင်၏ဝါဒမှ ဆင်းသက်လာသော အုပ်စုဖြစ်သည်။ ရှေးရိုးစံထားအယူအဆများကို တင်းကြပ်စွာ ကျင့်သုံးခြင်း၊ မိမိနှင့် အမြင်မတူသူတို့အား သည်းခံမှုမရှိခြင်း၊ အကြမ်းဖက်အစွန်းထွက်ဂိုဏ်းများသည် ဝဟာဗီဝါဒမှ မြစ်ဖျားခံရသည်ဟု အစွပ်စွဲခံထားရပါသည်။