၀က်သတ္တဝါအား အစာအာဟာရအဖြစ် မစားသုံးခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဝတ်သတ္တဝါမှာ ဖန်ဆင်းရှင်၏ မဟာစီမံကိန်းတစ်ခုဖြစ်သော ဂေဟစနစ် (ECO - SYSTEM) တွင် လူသားတို့ အစာအာဟာရအတွက် စားသုံးရန်အတွက် မဟုတ်ဘဲ အခြား ကဏ္ဍတို့အတွက် ဖန်ဆင်းထားခြင်း ဖြစ်သည်ဟု အစ္စလာမ်ဘာသာက ခံယူထားပါသည်။ ဤသို့ဆို ခြင်းဖြင့် ဝက်သတ္တါကို ရွံမုန်းပြီး ညှင်းပန်း နှိပ်စက်ရန် မဟုတ်ပါ။ လောကသဘာဝဓမ္မတွင် သူပါဝင် ရမည့် ကိစ္စရပ်တို့တွင် သူ့အလုပ်သူလုပ်လျက်ရှိပါ သည်။ ဝက်မှာ ဖန်ဆင်းခံသတ္တဝါ တစ်ကောင် ဖြစ်ပါသည်။

အသားမှာ တရားရှိပါသလားဟု မေးလာပါလျှင် အချို့သတ္တဝါတို့၏ အသားမှာ လူသားလိုအပ်မည့် အာဟာရ (NURTRITION) အတွက် စွမ်းအင် (ENERGY) ကယ်လိုရီအဖြစ် မသုံးအပ်ကြောင်း ဆေး သိပ္ပံ အပါအဝင် သုတေသနပြုချက်တို့က ဖော်ထုတ်ထားပါသည်။ ဗုဒ္ဓတရားတော်တွင် ရဟန်း သံဃာတို့အား ကျားသား၊ ခြင်္သေ့၊ ဆင်သား စသည်တို့ကို အာဟာရအဖြစ် ဆွမ်းဖုံးမပေးရန် ဝိနည်း တော်က တားမြစ်ထား ပါသည်။

ဝက်သတ္တဝါကို အာဟာရအဖြစ် မမှီဝဲသူတို့တွင် ကျန်းမာရေးလိုက်စားကြသည့် ဘာသာဝင်ပေါင်းစုံနှင့် ဘာသာမဲ့များလည်း ပါဝင်ကြပါသည်။ ဆရာဝန်က တားမြစ်၍ အသီးမှာ သရက်၊ အသားမှာ ဝက်ဟု ယူဆ ကာ နှစ်နှစ်ကာကာ စားသုံးနေသူတို့အသက်ကို ဉာဏ်စောင့် သည်ဆိုသော ရှုထောင့်မှ ရှုမြင်ခါ ဝက်ကို ရှောင် ခဲ့ကြပါသည်။

ဘာသာရေး ပညတ်ချက်နှင့် ဝက်သားမစားရန် တားမြစ်ထားသည့် သာသနာတို့တွင် အသားသတ် လွတ်စားသူများ၊ ခြေလေးချောင်းသတ္တဝါ မစားသူများအပြင် ဂျူးဘာသာဝင်များ၊ ယေရှုခရစ်တော်၏ သြဝါဒ တော်နှင့် လက်တွေ့ဘဝတွင် ကျင့်သုံးခဲ့သည်များကို ရှင်ပေါလု (St. PAUL) အပါအဝင် မည်သည့်ဖန်ဆင်းခံ လူသားနှင့် ဘာသာရေးအသင်းတော် (INSTITUTION) တို့ကမှ ချေဖျက်ခြင်း မပြုနိုင်ဟု ခံယူထားသော ခရစ်ယန်များ၊ ဟိန္ဒူဘာသာဝင်များ၊ ဂျိန်းဘာသာဝင်များ၊ ဘာဟာအီ ဘာသာဝင်များနှင့်အတူ အစ္စလာမ် ဘာသာလည်း ပါဝင်ပါသည်။ သို့ရာတွင် မိမိအသက် အန္တရာယ်ရှိပြီး၊ ဝက်၏အသာစားမှသာလျှင် အသက်ရှင် နိုင်မည့်အခြေအနေမျိုးနှင့် ကြုံတွေ့လာရပါ လျှင် တရားတော်ပညတ်ချက်ကို ဆန့်ကျင်သည့် စေတနာ ပြဋ္ဌာန်းချက်၊ နှစ်သက်မြတ်နိုး၍ တဏှာ အလိုရမက်နှင့် စားသောက်လိုခြင်း စသည့်အလိုဆန္ဒတို့မပါဘဲ စားသောက်ရပါမည်။ [ကြည့် ကုန်အာန် ၅:၃ ။]