ဥပုသ်နေ့

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ခရစ်ယာန်အသင်းတော်များ အထွတ်အမြတ်ထားသော ဝတ်ပြုကိုးကွယ်ခြင်းအတွက် သီးသန့်ဖယ်လျက် သန့်ရှင်းသည့် နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သော တနင်္ဂနွေနေ့ကို ရည်ညွှန်းပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

စင်စစ်အားဖြင့် ဥပုသ်နေ့ (Sabbath)သည် ဓမ္မဟောင်းကျမ်းကိုအခြေခံ သောဂျူးဘာသာရေးထုံးတမ်းအရ ဘုရားသခင်၏ဖန်ဆင်းခြင်းဖြစ်စဉ်အတွင်း ခုနစ်ရက်မြောက်သော အနားယူရာနေ့ကိုအစွဲပြုလျက် ထိုနေ့ကို ဥပုသ်နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ ထိုသတ္တမမြောက်နေ့မှာ စနေနေ့ဖြစ်သည်ဟု သတ်မှတ်ပါသည်။ ထို့ကြောင့် ခရစ်ယာန်ဂိုဏ်းတစ်ခုဖြစ်သော သတ္တမနေ့ဥပုသ်အသင်း (Seventh Day Advantist Church) က စနေနေ့ကို မိမိတို့၏ ဥပုသ်နေ့အဖြစ် ကျင့်သုံးကြပါသည်။ သို့သော် ကျန်ခရစ်ယာန်ဂိုဏ်းများအနေနှင့် ယေရှုခရစ်တော် အသေခံတော်မူရာ သောင်္ကြာနေ့မှ စတင်ရေတွက်လျှင် သုံးရက်မြောက်သောနေ့ဖြစ်သော ရှင်ပြန်ထမြောက်ရာ တနင်္ဂနွေနေ့ကို မိမိတို့၏ ယုံကြည်ခြင်းအခြေခံအုတ်မြစ်အဖြစ် အထွတ်အမြတ်ထားကြသဖြင့် စနေနေ့အစား တနင်္ဂနွေနေ့သည် ခရစ်ယာန်အသင်းတော်တို့အတွက် ဥပုသ်နေ့အဖြစ် ရောမဧကရာဇ်ဘုရင် ကွန်စတင်းလက်ထက်တွင် တရားဝင်ပြဌာန်းခဲ့ပါသည်။ ခရစ်ယာန်အသင်းတော်များအတွက် ထိုနေ့သည် ဘုရားဝတ်ပြုကိုးကွယ်ခြင်းအတွက် သီးသန့်ဖယ်ထားသော သန့်ရှင်းရာနေ့အဖြစ်ခံယူကြသဖြင့် ဝတ်ပြုကိုးကွယ်ခြင်း၊ ကောင်းမှုပြုခြင်း၊ တရားအားထုတ်ခြင်းတို့ မှလွဲ၍ ကျန်လောကီအလုပ်များအား တတ်နိုင်သမျှ ရှောင်ရှားကြခြင်း ဖြစ်သည်။ အကြောင်းမှာ ရက်သတ္တတစ်ပတ်အတွင်း ခြောက်ရက်ကို မိမိတို့အတွက်အလုပ်လုပ်ခဲ့ကြပြီးဖြစ်သဖြင့် ထိုတစ်ရက်အား ဘုရားသခင်အတွက် ပြန်လည်ဆက်ကပ်ထားသဖြင့် ထိုနေ့ကို သခင်ဘုရား၏နေ့ (the day of the Lord) ဟု လည်းသိမှတ်ခံယူကြပါသည်။