အီမာမ်ဓမ္မရှေ့ဆောင် (IMAM)

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အီမာမ်တို့၏တိုက်ရိုက်အဓိပ္ပါယ်မှာ ခေါင်းဆောင်(Leader) ဖြစ်ပါသည်။ အစ္စလာမ် တရားတော်မှာ ရုပ်၊ နာမ်၊ လောကီ၊ လောကုတ်ဓမ္မ၊ လောက စသည်တို့မှာ အပြန်အလှန် ဆက်စပ်နေ၍ နှစ်ဘဝငြိမ်းချမ်း အောင်မြင်ရန် ဘဝတည်ဆောက်မှုကို တရားတော်အတိုင်း ထိန်းကြောင်း၍ မတိမ်းစောင်းရန် ပဲ့ပြင် ဦးဆောင် သူကို အီမာမ်ဟု ခေါ်ပါသည်။ မဟာတမန်တော်မြတ်ကြီးမှစ၍ ဆွေတော်မျိုးတော်များ၊ မဟာသာဝကကြီးများမှာ အီမာမ်များ ဖြစ်ကြပါ၏။ ကိုယ်တော့်အရိုက်အရာကို ထိုက်တန်စွာ ဆက်ခံခဲ့သည့် မဟာသာဝကကြီး (၄)ပါးနောက် ပဒေသရာဇ်၊ ဧကရာဇ်များ ပေါ်ပေါက်ခဲ့ရ ယင်းဆွလ်တန်၊ ဘုရင်များကလည်း အစ္စလာမ်ထု၏ နှစ်ဘဝ ခေါင်းဆောင်များဟု ကြွေးကြော်ကြပါသည်။

ယခုခေတ်တွင်မူ ဝတ်ကျောင်းတော်များ၌ တစ်နေ့ (၅)ကြိမ်ဆွလသ်ဘာဝနာပွားများမှုကို ရှေ့ဆောင်သည့် သာသနာ့ပညာရှင်တို့အား အီမာမ်ဟု ယေဘူယျအပေါ်ရံ ခေါ်ဆိုနေကြပါသည်။

အရိုက်အရာဆက်ခံသူ မဟာသာဝကကြီး (၄)ပါးနောက်တွင် အစ္စလာမ်ထုတစ်ရပ်လုံးအား ပုဂ္ဂိလ်တစ်ဦးတည်း ဦးဆောင်သည့်စနစ်မရှိတော့ဘဲ စုပေါင်းခေါင်းဆောင်မှု (COLLECTIVE LEADERSHIP)သာ ရှိပါတော့သည်။