အလ္လာအရှင်မြတ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အလ္လာဟ် (အသံထွက်မှန်)၊ ALLAH၊[ပြင်​ဆင်​ရန်​]

အလ္လာဟ်ဟူသည် အစစ်အမှန်ကိုးကွယ်ခြင်းခံထိုက်သည့် သစ္စာ၊ မေတ္တာ၊ ငြိမ်းချမ်းရေး၊ အလှ တရားစသည့်သန့်စင်ထွဋ်မြတ်မှုအပေါင်းအားလုံး၏ မူလအစ အကြောင်းခံ (Source) ဖြစ်၏။ ရုပ်ကလပ်၊ နာမ်ဓာတ်၊ အနန္တစကြာဝဠာ၊ ဝိညာဉ်လောက၊ နိဗ္ဗာန်ချမ်းသာတို့၏ ပကတိ အကြောင်း တရားဖြစ်၏။ အလ္လာဟ်ကို ဖြစ်စေသော အကြောင်းတရားမရှိ (UNCAUSED FIRST CAUSE) အလ္လာဟ်သည် မွတ်ဆလင်တို့၏ ဘုရားဖြစ်သည်ဆိုသော ယူဆချက်မှာ လုံးဝမှားပါသည်။ အလ္လာဟ် ကို မြန်မာစာပေမှ ‘ဘုရား’ ဟူသော ဝေါဟာရဖြင့် မဖော်ညွှန်းသင့်ပါ။ ဗုဒ္ဓဓမ္မ၏ သြဇာလွှမ်းသည့် မြန်မာစာပေတွင် တရားကျင့်သည့် လူသားဘုရားဖြစ်နိုင်ပါ၏။

ထို့ပြင် မြန်မာစာပေတွင် ဘုရားဟူသော အခေါ်အဝေါ်သည် ရုပ်နာမ်ခန္ဓာကိုယ်တို့ဖြင့် ဖွဲ့စည်းထားသော လူသား၊ မနုဿ၊ ပုဂ္ဂလနှင့် ဆက်နွယ်နေ၏။ GOD ဆိုရာတွင်လည်း ဤအသုံး အနှုန်း အား အယူဝါဒအချို့တွင် မမြဲသည့် ရုပ်၊ နာမ်ဓမ္မသင်္ခါရတို့နှင့် ပုံဖော်လေ့ရှိသည့်အပြင် Gods, Godness, Father, Mother, Son of God စသည့်အယူတို့အဖြစ် မှတ်ယူမှားနိုင်ပါသည်။ အလ္လာဟ်ကို အနီးစပ်ဆုံး YAHWEH ဟု ဓမ္မဟောင်း၊ ဓမ္မသစ်တွင် ခေါ်ဆိုထားသည့် ဖန်ဆင်းခံ မှန်သမျှ၏ ကိုးကွယ်ရာ တစ်ဆူတည်း သော ဖန်ဆင်းရှင်အဖြစ် ခိုင်းနှိုင်း တင်ပြနိုင်ပါသည်။ အလ္လာဟ်ကို ပုဂ္ဂိုလ်၊ သတ္တဝါ၊ လူ၊ နတ်ဗြဟ္မာ စသည့် သင်္ခတဘုံသားလားလားမျှ မဟုတ်သည့် အစိန္ဒေယ၊ အပမေယျ၊ အသင်္ခတဂုဏ်တော်ရှင်ဟု ခေါ်ဆိုနိုင်ပါသည်။