အရေပြားလှီးခြင်း (CIRCUMCISION)

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သန့်ရှင်းရေးနှင့် ကျန်းမာရေးအလို့ငှာ ဓမ္မသစ်၊ ဓမ္မဟောင်းတို့တွင် မိန့်မှာထားသကဲ့သို့ အစ္စလာမ်ဘာသာဝင်တို့သည် အမျိုးသားလိင်အင်္ဂါထိပ်ဖျားရှိ အရေပြားကို လှီးဖြတ်ပါသည်။ ယင်းကို မဟာတမန်တော်မြတ်၏ ဓလေ့တော် သန့်ရှင်းမှုမင်္ဂလာ “စွန္နသ်ခတ္တနာ”ဟု အာရဗီစာပေ၌ ခေါ်ပါသည်။ သမ္မာကျမ်းတွင် ယေရှုခရစ်တော် ယင်းသန့်စင်မှု မင်္ဂလာပြုကြောင်းပါရှိ၍ ခရစ်ယာန် အချို့လည်း ပြုလုပ်ကြပါသည်။

ယခုခေတ် ဆေးရုံတို့တွင် ကျန်းမာရေးရှုထောင့်မှနေ၍ မွေးကင်းစ အမျိုးသား ကလေးငယ်များကိုလည်း ယင်းကဲ့သို့ အရေပြားလှီးပေးရန် မိဘတို့မှ မေတ္တာရပ်ခံချက်များ ရှိလာပါသည်။

အရေးကြီးဆုံးအချက်မှာ အစ္စလာမ်ဘာသာရေးအရ အမျိုးသမီးအင်္ဂါလှီးဖြတ်ခြင်းဆိုသည်မှာ လုံးဝ (လုံးဝ)မရှိကြောင်း သိထားအပ်ပါသည်။ (FEMALE GENETAL MUTILATION) ဟုခေါ် သော ဓလေ့ဆိုးမှာ အာဖရိကတိုက်နှင့် အရှေ့အလယ်ပိုင်းဒေသအချို့၏ ရိုးရာ ဓလေ့ထုံးစံသာဖြစ်ပါသည်။