အဘဘုရားသခင်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အဘဘုရားသခင်[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ဘုရားသခင်အား “အဘ”ဟု ပထမဆုံးစတင်ခေါ်ဝေါ်ခဲ့သူမှာ ယေရှုပင်ဖြစ်သည်။ ယေရှုက ဘုရားသခင်အား မိမိ၏ခမည်းတော်အဖြစ် ရည်ညွှန်းဖေါ်ပြခဲ့သည်နည်းတူ၊ လူတိုင်း၏အဘဖြစ်သည်ဟုလည်းသွန်သင်ခဲ့သည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ဘုရားသခင်အား ဂျူးတို့၏ယုံကြည်မှုသမိုင်းတစ်လျှောက် ဓမ္မဟောင်း ကျမ်းအတွင်း မိမိတို့လူမျိုး၏ဘုရားအဖြစ်ခံယူထားကြသည်နှင့်အမျှ မိမိတို့အပေါ်တရားမျှတစွာစီရင်သည့်တရားသူကြီးအဖြစ်လည်းကောင်း ပိုင်သအုပ်စိုးလျက် မိမိတို့၏ရန်သူတို့လက်မှကာကွယ်ပေးသည့် ဘုရင် အဖြစ်လည်းကောင်း၊ မိမိတို့အား ရင်အုပ်မကွာ ကြည့်ရှုကွယ်ကာ သည့် မိမိတို့ခိုလှုံရာရဲတိုက်အဖြစ်လည်းကောင်း၊ မိမိတို့အား သနား ကြင်နာ လျက် မေတ္တာဂရုဏာဖြင့်အစဉ်စေါင့်ရှောက်နေသောသိုးထိန်းကြီး အဖြစ်လည်းကောင်း တင်စားဖေါ်ပြကြသည်။

ထိုဖေါ်ပြချက်အားလုံးကိုအနှစ်ချုပ်လိုက်ပါက၊ ဘုရားသခင်အား ကယ်တင်ရှင်အဖြစ်ယုံကြည်ခံယူကြကြောင်းနားလည်ရပါသည်။ ထိုကယ်တင်ရှင်ဖြစ်သောဘုရားသည် မိမိတို့လူမျိုးကိုသာကယ်တင်သည့်ဘုရား မဟုတ်ပဲ၊ လူသားတိုင်းကိုကယ်တင်သည့်ဘုရားဖြစ်ကြောင်းသမိုင်းအ တွေ့အကြုံအတွင်းဘုရားသခင်၏ဖေါ်ပြချက်အရ ပိုမိုကျယ်ပြန့်စွာ သိမြင်နားလည်လာခဲ့ကြသည်နှင့်အမျှ၊ ဘုရားသခင်အား နောက်ပိုင်း၌ လူသားတိုင်းကိုဖန်ဆင်းသည့် လူသားတိုင်း၏ဘုရား၊ ဖန်ဆင်းရှင် ဘုရားအဖြစ်ဖေါ်ပြခဲ့ကြပါသည်။

ထိုဖေါ်ပြချက်များကိုခြုံငုံသုံးသပ်ပါက၊ ဘုရားသခင်၏လူသားတို့ အပေါ်သက်ရောက်သောဩဇာအာဏာနှင့် တန်ခိုးတော်တို့ကိုပိုမို အသားပေးထားကြောင်းတွေ့ရပါသည်။ သို့သော် ဓမ္မသစ်ကျမ်းခေတ် သို့ ရောက်လာသောအခါ ဘုရားသခင်အား နံဝိညာဉ်အဖြစ်လည်းကောင်း၊ ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ဟူ၍လည်းကောင်းဖေါ်ပြလာပါသည်။ ဆိုလိုသည်မှာ၊ဘုရားသခင်၏သဘောသဘာဝအပေါ်နားလည်ခံစားရမှုပြောင်းလဲလာသည်ကိုပြသခြင်းဖြစ်သည်။ထိုသဘောကို အပြည့်အဝ ထင်ဟပ်နိုင်သောဖေါ်ပြချက်မှာ ယေရှု၏ အဘခမည်းတော်ဟူသော ဖေါ်ပြချက်ပင်ဖြစ်သည်။ ဖခင်၏ကြီးမားလှသောအနှိုင်းမဲ့၊ ကန့်သတ်မဲ့ဖြစ်သော အနန္တမေတ္တာတော်၊ သနားခြင်းကရုဏာ နှင့် ကိုယ်ကျိုးစွန့်ခြင်းတို့ကိုထင်ရှားစေခြင်းဖြစ်ပါသည်။