အဗျာကတ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ကုသိုလ်အကုသိုလ် အဖြစ်ဖြင့် မဟောကြားအပ်သည်/သော။ (မဖြေဆိုအပ်သည်။) (ṅot designated, unexplained) ကုသိုလ် အကုသိုလ်မှ လွဲ၍ ကျန်ရှိသော တရားအားလုံးသည် အဗျာကတတရားတွင် ပါဝင်ကြသည်။

ရှင်းလင်းချက်[ပြင်​ဆင်​ရန်​]

ကုသိုလ် အကုသိုလ်တို့ဖြင့် အလုပ်တစ်ခုကို လုပ်ဆောင်မိသောအခါတွင် အကျိုးတရားကို ရရှိကြသည်။ ထိုအကျိုးတရားကို ဝိပါတ်ဟု ခေါ်သည်။ ထို ဝိပါတ်သည် အဗျာကတတရားဖြစ်သည်။ ထို့အပြင် ရဟန္တာပုဂ္ဂိုလ်တို့တွင် အကြောင်းအကျိုးကို ပယ်သတ်ပြီးဖြစ်၍ ကုသိုလ်စိတ်လည်း မဖြစ်တော့ပေ၊ အကုသိုလ်စိတ်လည်း မဖြစ်တော့ပေ။ ထိုအခါတွင် ကြိယာစိတ် ဖြစ်ပေါ်လာသည်။ ဤ ကြိယာစိတ်သည်လည်း အဗျာကတတရားပင် ဖြစ်သည်။ ထို့အပြင် ရုပ်ခန္ဓာသည်လည်း အဗျာကတတရားပင် ဖြစ်သည်။ နိဗ္ဗာန်သည်လည်း အဗျာကတတရားပင် ဖြစ်သည်။


သုံးစွဲပုံ[ပြင်​ဆင်​ရန်​]

ရုပ်သည် အဗျာကတတရားဖြစ်သည်။