အပြစ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

သမ္မာတရားနှင့်ဆန့်ကျင်လျက် လူသားတို့က မိမိတို့၏အတ္တကိုအခြေခံလျက် ပြုမူပြောဆို သဘောထားလုပ်ဆောင်ကြသောအရာများ ကိုဆိုလိုပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ခရစ်ယာန်တို့၏နားလည်မှုအရ၊ ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်ပြီး၊ လူတို့အနေနှင့် အပြစ်ဒုစရိုက်ထဲ၌ ကျင်လည်နေကြသူများဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်ချမှတ်ထားသော ပညတ်တရားများကိုကျူးလွန် ချိုးဖေါက်ခြင်း၊ ပြုစေလိုသောအရာများကို မပြုဘဲနေခြင်း၊ သိလျက်နှင့် ပြုကြသောအပြစ်များ၊ မသိဘဲနှင့်ပြုကြသောအပြစ်များရှိနေကြသည်ဟု နားလည်ပါသည်။ အပြစ်နှင့်ပတ်သက်၍ အစဉ်အလာအရနားလည်မှုတစ်ခုမှာ၊ အပြစ်သည် လူဖြစ်လာခြင်းနှင့်အတူ မူလကပင်ပါရှိလာပြီးဖြစ်ကြောင်း ရှုမြင်နားလည်ခြင်းဖြစ်သည်။ ယင်းကို မူလဘူတအပြစ်တရား (Original Sin) ဟုခေါ်ပါသည်။ သို့သော်ထိုအမြင်ကို ဓမ္မပညာရှင်အများက လက်မခံကြ နိုင်ကြပါ။ အကြောင်းမှာ လူကိုဘုရားကဖန်ဆင်းခြင်းဖြစ်သည်ဟူသော ယုံကြည်မှုနှင့်ဆန့်ကျင်နေသောကြောင့်ဖြစ်သည်။ ဘုရားကလူကို အပြစ်ပါလျက် ဖန်ဆင်းပါသလောဟု မေးရန်ဖြစ်လာပါသည်။ ထိုအခါ ကောင်းမြတ်တော်မူသော ဘုရားက လူကိုအပြစ်ပါလျက်ဖန်ဆင်းခြင်းမဟုတ်ပါက၊ အပြစ်တရားဘယ်ကလာပါသလဲ။ ဤတွင် စာတန်ဟူသောတရားခံ တစ်ပါးပေါ်ပေါက်လာပါသည်။ စာတန်သည်လည်းစင်စစ်အားဖြင့် ဘုရား၏ဖန်ဆင်းခံသာဖြစ်ရာ၊ အပြစ်၏မူလအရင်းအမြစ် ဖြစ်သွားရခြင်းမှာ၊ သူ၏ဘုရားကိုမနာခံဘဲ၊ တော်လှန်ပုန်ကန်သောကြောင့်ဖြစ်သည် ဟုဆိုပါသည်။ စာတန်၏သွေးဆောင်ဖြားယောင်းမှုကြောင့်၊ ပထမဆုံး လူသားများဖြစ်ကြသည့် အာဒံနှင့်ဧဝတို့ ဘုရားသခင်၏ပညတ်တရား တို့ကိုနားမထောင်ဘဲ အပြစ်ကျူးလွန်မိကြသည်ဟု နားလည်ကြပါသည်။ စင်စစ်အားဖြင့် ပြုလုပ်သူမိမိသာတာဝန်ရှိသည်ဟု နောက်ပိုင်းယေရှုခရစ်တော်၏ သွန်သင်မှုများအရ ပြန်လည်နားလည်လာသောအခါ၊ အပြစ်ဆိုသည်မှာ ကျူးလွန်သူ၏ တရားသဘောကိုဆန့်ကျင်သည့် အမှုအဖြစ် တစ်ဦးချင်းအရလည်းကောင်း၊ အစုအဖွဲ့လိုက်အရလည်းကောင်း၊ စနစ်တစ်ခုအသွင်ဖြင့်လည်းကောင်း၊ လုပ်သင့်သည်ကိုမလုပ်ခြင်း၊ မလုပ်သင့်သည်ကို ပြုလုပ်ခြင်းကြောင့် ပေါ်ထွက်လာသောအကျိုးတရား အဖြစ်နားလည်ပါသည်။