ဟာလာ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဟာလာ၊ ဟလာ HALAL (Law Full)[ပြင်​ဆင်​ရန်​]

အစ္စလာမ့်တရားတော်အရ လုပ်ပိုင်ခွင့်ပြုထားသည့်ကိစ္စရပ်မှန်သမျှ (Permissible, Lawful) အားလုံးကို ဟလာလ်ဟုခေါ်ပါသည်။ ယင်းဟလာလ်၏ဆန့်ကျင်ဖက်မှာ ဟရမ် (HARAM, NOT Permissible, Un-Lawful) လုပ်ပိုင်ခွင့်မရှိ အကုသိုလ်၊ အပြစ်ထိုက် မည့်ကိစ္စ မှန်သမျှကို ပိတ်ပင် တားဆီးခြင်းဖြစ်ပါသည်။
	ဟလာလ်နှင့်ဟရမ်ကို အနန္တÓဏ်တော်ရှင်၊ ဖန်ဆင်းရှင် အလ္လာဟ်ကသာလျှင် ဥပဒေပြု ပြဌာန်း တော်မူပါသည်။ အလ္လာဟ်သတ်မှတ်ပြဋ္ဌါန်းတော်မူသော ဥပဒေသ၊ နိယာမတို့အား ဘာသာ ရေးဆိုင်ရာ  မည်သည့်မနုဿလူသားနှင့် အဖွဲ့အစည်း (Institution) ကမှ ပြုပြင်ပြောင်းလဲ ၍မရသလို၊ လိုတိုးပိုလျှော့ မွန်းမံပြင်ဆင်၍မရပါ။ အဆိုပါ စည်းကမ်း၊ နည်းလမ်း၊ ဥပဒေသတို့အား ကုရ်အာန်ကျမ်းမြတ်နှင့် မဟာတမန်တော်မြတ်သြဝါဒတော်တို့တွင် တိတိပပ၊ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ 
	ဤဘဝတည်ဆောက်မှုစံနစ်ဇယားအတိုင်း လိုက်နာပါက နှစ်ဘဝအေးငြိမ်းချမ်းသာ၊ ဗအာင် မြင် မည်ဟု အာမခံထားပါသည်။
	သို့ရာတွင် ‘ဟာလလ်’ ဆိုသည် ဓမ္မဝေါဟာရကို မွတ်ဆလင်တို့၏စားသောက်မူပုံစံ (Dietery Custom)မျှလောက်သာနားလည်နေကြပါသည်။ အစ္စလာမ်တရားတော်က စားပိုင်ခွင့်ရှိသော အစား အစာတို့အား ဟလာလ်အစားအစာ Halal Food ဟု ခေါ်ဆိုထားခြင်းမှာ မှန်ကန်ပါသည်။
	ဟလာလ်အစားအစာဖြစ်ရန် ယေဘူယျအားဖြင့် အောက်ပါအချက်အလက်တို့အားဖြင့် သတ်မှတ် ထားပါသည်။
(၁)	သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်ရမည်။ သန့်ရှင်းမှုဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာအရ ပုတ်သိုးနေ ခြင်း၊ စားသုံးခြင်းအားဖြင့် မိမိကျန်းမာရေးကိုထိခိုက်နိုင်ခြင်းတို့ကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ခွင့်ပြုထားသော အစားအစာပင်ဖြစ်လင့်ကစား မတရားသောနည်း၊ မသမာသောလုပ်ရပ်တို့ဖြင့် ရရှိပါကလည်းကောင်း၊ သမ္မာအာဇီဝမကျသောနည်းလမ်းဖြင့် ရှာဖွေထားသော ငွေကြေးဖြင့် ဝယ်ယူရရှိပါကလည်းကောင်း၊ စားသုံးပိုင်ခွင့်မရှိပါ။
(၂)	သစ်သီးဝလံ၊ ကောက်ပဲသီးနှံ၊ ရေထွက်သတ္တဝါအချို့နှင့် ကြက်၊ ငှက်များ၊ (အသားစား Carnivores မဖြစ်စေရ၊ အကြေးခွံအမာ၊ ကုတ်ဖဲ့နိုင်သောခြေသဲ လက်သဲ Claws အစွယ် Fangs များမပါသော သတ္တဝါများဖြစ်ရမည်) အသီးအရွက်စားသည့် Herbivorous ခြေလေးချောင်းသတ္တဝါ (ဥပမာ- ဆိတ်၊ သိုး၊ ကျွဲ၊ နွား၊ ကုလားအုပ် စသည်ဖြင့်)တို့ စားပိုင်ခွင့်ရှိ၏။
(၃)	သွေးကို မိမိစားမည့်သတ္တဝါ၏ခန္ဓာတွင်းမှ သန့်စင်အောင်ပြုရမည်။ ယင်းသို့ ဆောင်ရွက် ရာတွင် စားသုံးမည့်သတ္တဝါအမြန်ဆုံးသေဆုံးပြီး၊ နာကျင်မှုအနည်းဆုံးနည်း Least Painful Method  ဖြစ်သည့် လည်ချောင်းသွေးအား ‘သဖီဟာ’ လှီးဖြတ်ရမည်။ ဤကဲ့သို့ သွေးအား မစား သုံးထိုက်ကြောင်းကို ဂျူးဘာသာဝင်များ၊ ဓမ္မဟောင်းကျမ်းပါတရားတို့အား ပယ်ဖျက်ရန်  ကြွရောက်လာခြင်းမဟုတ်ဟု မိန့်ဆိုထားသော ခရစ်တော်၏အမိန့်ကိုလိုက်နာသည့် ခရစ်ယာန်များ၊ သတ္တမဥပုဒ်အသင်းတော် Seventh Day Adventist များ၊ ကျန်းမာရေးလိုက်စားကြသည့် မည်သည့် ဘာသာမျှမကိုးကွယ်သူ လက်တွေ့ သမား Pragmatic Secularist များကလည်း လက်ခံထားပြီး စားသုံးခြင်းမပြုကြပါ။ ငါးတွင် ရှိသော သွေးမှာ ပဟက်တွင်း၌သွေးလည်ပတ်မှု (blood circulation) ဖြစ်၍ ရေဆေး၍ သန့်စင်နိုင်ကြောင်း မစ္ဆဗေဒ ICTHOLOGY အရသိနိုင်ပါသည်။
(၄)	ဝက်၏မည်သည့်အစိတ်အပိုင်းကိုမျှ မစားသုံးရခြင်း၊ ဝက်မစားသူများတွင် သတ်သတ်လွတ်စားသူများ၊ ခြေလေးကြောင်းရှောင်သူများ၊ ကျန်းမာရေးလိုက်စားသူများအပြင် ဟိန္ဒူဘာသာ၊ ဂျိန်း ဘာသာ၊ ဂျူးဘာသာဓမ္မဟောင်းကျမ်းများမှ ပညတ်ချက်တို့အား တပိုဒ်တလေပင် မလိုက်နာပါက ကောင်းကင်နိုင်ငံသို့မဝင်နိုင်ဆိုသော ဓမ္မသစ်ကျမ်းပါ ခရစ်တော်၏မိန့်ဆိုချက်ကိုလိုက်နာသည့် ခရစ်ယာန်များ၊ ဘဟာအီဘာသာဝင်စသည့် ဘာသာရေးသမားများလည်း ပါဝင်ပါသည်။
(၅)	စားသုံးခွင့်ရှိသည့်သတ္တဝါများ တရားတော်နှင့်အညီ သွေးသန့်စင်အောင် မပြုလုပ်ထားပါလျှင် လည်းကောင်း၊ အခြားသောနည်းတို့ ဥပမာ-ခေါင်းကိုရိုက်ခြင်း၊ မှိန်းနှင့်ထိုးခြင်း၊ သေနတ်ဖြင့်ပစ်ခြင်း၊ စသည့်နည်းတို့ဖြင့် သတ်ဖြတ်ထားပါလျှင်လည်းကောင်း၊ (မုဆိုးများ လှေးမြှား၊ ဒူးလေး၊ သေနတ်တို့ ဖြင့် စားပိုင်သောသတ္တဝါအား ပစ်ခတ်ပြီးနောက် သားကောင်အား တရားတော်နှင့်အညီ ‘ဇဗာ’ ပြုပြီး စားသုံးပိုင်ခွင့်ရှိသည်။) သူ့အလိုအလျှောက်သေဆုံးပြီး ဖြစ်ပါလျှင်လည်းကောင်း စားသုံးပိုင်ခွင့်မရှိပါ။
(၆)	အခြားကိုးကွယ်ရာတို့အား ပူဇော်ပသထားသည့် မည်သည့်အစားအစာများကိုမျှ စားသုံး ပိုင်ခွင့် မရှိပါ။ သူတစ်ပါးယုံကြည်မှုအား စွက်ဖက်ခြင်း၊ ဝေဖန်ခြင်းတို့မရှိစေရန်ဟူသောအချက်မှာ ယင်းကဲ့သို့ ပိတ်ပင်ရခြင်း၏အကြောင်းပြချက်တစ်ခုဟု ပညာရှင်များသုံးသတ်ပါသည်။