ဟာဖိ(ဇ်) (HAFIZ)

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဟာဖိ(ဇ်)ဟူသော ဝေါဟာရမှာ ‘ဟိဗ်(ဇ်)’ HIFZ ဆိုသည့်ရင်းမြစ်ပုဒ်မှ ဆင်းသက်လာ၍ စောင့်ရှောက်၊ ကာကွယ်၊ ထိန်းသိမ်းမှုဟု အနက်ထွက်ပါသည်။ အလ္လာဟ်၏ အနန္တဂုဏ်တော်တွင် ကာကွယ် စောင့်ရှောက်တော်မူသော အရှင်မြတ်ဟု အဓိပ္ပာယ်ရသော ‘ဟာဖိ(ဇ်)’ ဆိုသည့် ဂုဏ်တော် တစ်ပါး ပါဝင်ပါသည်။ သို့သော် အစ္စလာမ်ဘာသာရေးဆိုင်ရာ အခေါ်အဝေါ်တွင် ယေဘူယျ အားဖြင့် ကျမ်းမြတ်ကုန်အာန်ကို အစမှ အဆုံးတိုင် အာဂုံဆောင် (MEMORISED) ထားသည့် ပညာရှင်တို့အား ရည်ညွှန်းပါသည်။ အချို့ ဟာဖိ(ဇ်)များသည် ကုန်အန်ကျမ်းမြတ်အား ဖွင့်ဆိုရှင်း လင်းထားသည့် အထကထာများကိုပါ အစအဆုံး အလွတ်ရွတ်ဖတ်သရဇ္ဈာယ်နိုင်ပါသည်။ သို့သော် ကုန်အန်ကျမ်းမြတ်အား အနက်ဖွင့်ဆိုရှင်းလင်းချက်တို့မှာ ပြန်ဆိုသူ ပညာရှင်တို့၏ သုတေသန ပြုထားသည့် ရှုထောင့်အမြင်များသာ ဖြစ်ကြောင်း သိထားအပ်ပါသည်။