ဟရာမ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဟရာမ် HARAM (UN-LAW FULL)[ပြင်​ဆင်​ရန်​]

အစ္စလာမ့်တရားတော်အရ လုပ်ပိုင်ခွင့်မရှိဟု ပညတ်ထားချက်များ။ လူ့ဘဝ တည်ဆောက်ပုံတွင် အောင်မြင်မှုမရပဲ ဆုံးရှုံးမှုသာဖြစ်နိုင်သော အကုသိုလ်၊ ဒုစရိုက်တို့အား ကာယကံ၊ ဝဇီကံ၊ မနောကံ အားဖြင့် ရှောင်ရှားရန် ထင်ထင်ရှားရှားတားမြစ်ထားသော ဥပဒေသပြဋ္ဌါန်းချက်များကို ခေါ်ဆိုခြင်းဖြစ်သည်။ လုံးလုံးလျားလျား ပြတ်ပြတ်သားသားမတားမြစ်သော်လည်း အကုသိုလ် ဖက်တိမ်းညွှတ်သွား နိုင်သည့်ကိစ္စတို့ကိုမူ ‘မကရူ’ ဟုခေါ်ပါသည်။ ဥပမာ- သတ်မှတ်ချိန်လွန်မှ ဝတ်ပြုခြင်း၊ သံသယရှိသော အစာစားခြင်း၊ သူ့အတိုင်းတိုင်းကုသိုလ်အကုသိုလ်မဖြစ်ပဲ စိတ်ဓါတ်နှင့် လုပ်ရပ်ပေါ်မူတည်ပြီး အကောင်း၊ အဆိုးကံမြောက်နိုင်သည့်လုပ်ရပ်တို့ကို "မိုဘာ" ဟုခေါ်၏။ ဥပမာ- ရုပ်ရှင်ကြည့်ခြင်း၊ မပြုမနေဆောင်ရွက်ရန်မိန့်ကြားထားသည့်ကောင်းမှု (obligatory compulsory) တာဝန်မဟုတ်သော်လည်း မိမိဆန္ဒအလျှောက်ပြုလုပ်သည့် ကောင်းမှု (non-obligatory, optional) များကို ‘နဖိလ်’ ဟုခေါ်ပါသည်။ သတ်မှတ်ချက်မဟုတ်ပဲ ဝတ်ပြုဆုတောင်းခြင်း၊ ဥပုပ်အောင်ခြင်း၊ လှူတန်းခြင်း။