ဟဂျ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဟာဂျီ (HAJJ) ၊ (HAJJI)[ပြင်​ဆင်​ရန်​]

ဟဂျ်ကျင့်စဉ်မှာ အစ္စလာမ်၏မဏ္ဍိုင်ကြီး (၅)ရပ်အနက်မှ ပဉ္စမçမဏ္ဍိုင်ဖြစ်ပါသည်။ ငွေကြေးတတ်ကုန်ပြီး မိမိအား မှီခိုနေသူတို့အတွက် လုံလောက်သော အစီအစဉ်များ ပြုလုပ်နိုင်ပါက၊ တစ်သက်တွင် တစ်ကြိမ် အထူးတရားစခန်းဝင်ရန် ဆော်ဒီအရေးဗျနိုင်ငံ၊ မက္ကာနှင့် မဒီနာ ရွှေမြို့တော်တို့သို့ ဓမ္မခရီးထွက်ရပါသည်။ ဤကျင့်စဉ်ကို ဘုရားဖူးထွက်ခြင်းဟု မခေါ်ဆိုအပ်ပါ။ အလ္လာဟ်သည် တရားကျင့်၍ ဘုရားဖြစ်ခဲ့သော မနုဿ မဟာလူသားမဟုတ်ပါ။ ထို့အပြင် ဖြစ်၊ ပျက်၊ အနိစ္စ၊ သင်္ခါရနှင့် ကင်းစင်တော်မူသော အသင်္ခတရှင် အလ္လာဟ်သည် နေရာဒေသ (SPACE) နှင့် အချိန်ကာလ (TIME) တို့၏ ဘောင်ခတ်ခြင်း မခံရပါ။ (BEYOND TIME AND SPACE) နေရာဒေသ၊ အချိန်ကာလအပါအဝင် ခပ်သိမ်းဥဿုံအလုံးစုံကို ဖြစ်ပေါ်ထင်ရှား စေတော်မူသည့် သဘာဝနိယာမအစုစု၏ ပင်မအရင်းခံအကြောင်းတရားကို ပြဋ္ဌာန်းတော်မူသော နဂိုပကတိ အလိုလို အနန္တဘုန်းတော်အတိနှင့် ရှိနေသော အသင်္ခတဂုဏ်တော်ရှင်ဖြစ်ပါသည်။ ထို့ကြောင့် အလ္လာဟ်ကို အရပ်ဒီသာ တစ်ခုတွင် နေရာယူတည်ရှိနေသည်ဟု သတ်မှတ်၍ (LOCALIZED) မရပါ။ အလ္လာယ်ဂုဏ်တော်၊ ဘုန်းတော်တို့သည် လောကီ၊ ဗလာကုတ် နှစ်ဌာနစလုံးကို အကြွင်းမဲ့လွှမ်းခြုံလျက်ရှိပါသည်။ ထို့ကြောင့် ဆော်ဒီသို့ သွား၍ တရားကျင့်ခြင်း၊ ထိုအရပ်ဒေသ၌သာလျှင် အလ္လာဟ်အရှင်မြတ်ကိန်းဝပ်စံပယ်လျက်ရှိသည်ယူသော ခံယူချက်ဖြင့် သွားခြင်း မဟုတ်ပါ။

ဟဂျ်ကျင့်စဉ်ကို တရားတော်၏သတ်မှတ်ချက်အတိုင်း ကျင့်သုံးဆောက်တည်ခဲ့ပါမူ အတ္တပါးရှားသွားခြင်း၊ ကိလေသာကာမဂုဏ်တို့ ခမ်းခြောက်သွားခြင်း၊ အကုသိုလ်ဒုစရိုက်တို့ နည်းပါးသွားကာ သူတော်ကောင်း တရားနိုးကြားလာနိုင်ပါသည်။ ဤအဖြစ်နှင့် မိမိမွေးရပ်ဌာနေ မြန်မာပြည်သို့ ပြန်လာပြီးနောက် အကုသိုလ်များ မပြုမိစေရန် သတိပေးသည့်သဘောဖြင့် လူအများက ဟဂျ်ကျင့်စဉ်ပြုလုပ်ပြီး၊ သူများကို အလ်ဟာဂျ် (သို့မဟုတ်) ဟာဂျီဟုခေါ်၏။ မည်သည့် အစ္စလာမ်ကျမ်းတွင်မှ ဤသို့ခေါ်ဝေါ်ရမည်ဟု သတ်မှတ်ထားချက် မရှိပါ။ သတိလက်လွတ် မဖြစ်စေရန် အချင်းချင်းနှိုးဆော်သတိပေးသည့်အနေဖြင့် နာမည်ရှေ့တွင် ဟာဂျီဟု တွဲဖက်ပညတ် ကြခြင်းဖြစ်ပါသည်။