သောတာပန်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဗုဒ္ဓဘာသာတွင် (၁) ပုထုဇဉ် (၂) သောတာပန် (၃) သကဒါဂါမ် (၄) အနာဂါမ် (၅) ရဟန္တာ ဟူ၍ အဆင့်ဆင့် ရှိသည်။ နိဗ္ဗာန်ကို အလိုရှိသော ပုဂ္ဂိုလ်သည် တရားဘာဝနာ ပွားများအားထုတ်သောအခါ ပုထုဇဉ် အဖြစ်မှ သောတာပန်အဆင့်သို့ ကူးရသည်။ ထို့နောက် သောတာပန်အဆင့်မှ သကဒါဂါမ်အဆင့်သို့ ကူးရသည်။ ဤသို့ အဆင့်ဆင့် ဖြတ်သန်းပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိမှသာလျှင် နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်လေသည်။ သောတာပန်၏ မူရင်း အဓိပ္ပာယ်မှာ ပထမဆုံး တရားထူး၏ ရေအလျဉ်သို့ ရောက်ရှိခြင်းပင် ဖြစ်သည်။