သုတ္တံ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များတွင် သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူ၍ သုံးမျိုးရှိသည်။ သုတ် ဆိုသည်မှာ သုတ္တန္တ (သုတ္တံ) ကို ဆိုလိုရင်း ဖြစ်သည်။ သုတ်တွင် ဗုဒ္ဓလက်ထက် လူပုဂ္ဂိုလ်တို့အား ဟောကြားခဲ့သော တရားဓမ္မများကို စုပေါင်းထားခြင်း ဖြစ်သည်။ ဝိနည်းဆိုသည်မှာ ဝိနယကို ဆိုလိုရင်း ဖြစ်သည်။ ဝိနည်းသည် ဗုဒ္ဓဘာသာ ရဟန်းများအတွက် ကျင့်ဆောင်ရမည့် စည်းကမ်းဥပဒေများကို ပြဆိုထားခြင်း ဖြစ်သည်။ အဘိဓမ္မာသည် ရုပ်ဖြစ်စဉ် နာမ်ဖြစ်စဉ်များကို နည်းအမျိုးမျိုးဖြင့် အကျယ်တဝင့် ဟောကြားထားခြင်း ဖြစ်သည်။