သိက္ခာတင်ခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်စကားလုံး Ordination ကိုအစွဲပြု၍ အသင်းတော်၏ ဓမ္မအမှုတော်ဆောင်များအား သိက္ခာတင်ခြင်း၊ လက်တင်မင်္ဂလာပေးခြင်းဖြင့် အသင်းတော်၏ဖွဲ့စည်းပုံအရရာထူး၊ တာဝန်တစ်ခုခုအတွက် ရွေးကောက်အပ်နှင်းခြင်းဆိုင်ရာ ဓမ္မမင်္ဂလာဝတ်တစ်ပါးကို ရည်ညွှန်းပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

အသင်းတော်ဂိုဏ်းဂဏတို့၏ ဖွဲ့စည်းပုံအရ ဘုန်းတော်ကြီးသိက္ခာတင်ခြင်း (priest ordination)၊ သင်းအုပ်သိက္ခာတင်ခြင်း (pastor ordination)၊ ဂိုဏ်းထောက်/သင်းထောက်သိက္ခာတင်ခြင်း (deacon ordination) စသည်ဖြင့် မိမိတို့၏ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ ဆောင်ရွက်ကြပါသည်။ သက်ဆိုင်ရာရာထူးသတ်မှတ်ချက်နှင့်အညီ အထူးရွေး ချယ်ခန့်အပ်လျက် ဘုရားသခင်၏အမှုတော်မြတ်အတွက် တာဝန်ပေးခြင်း၊ ဘိသိက်ပေးခြင်းဖြစ်ပါသည်။ ဓမ္မဟောင်းခေတ်ကာလအတွင်း ဘုရားသခင်သည် မိမိအသုံးပြုရန်ရွေးကောက်ထားသူအား ဆီလူးပြီး ဘိသိက်ပေးခြင်းထုံးတမ်းရှိပါသည်။ ခရစ်ယာန်အသင်းတော်တို့အတွင်း သိက္ခာတင်ခြင်းသည် ထိုသို့ ဘုရားသခင်က မိမိ၏အမှုတော်မြတ်အတွက် အထူးရွေးကောက်အသုံးပြုခြင်းသဘောကို ဆက်လက်ကျင့်သုံးခြင်းဖြစ်သည်။ ထိုသို့အထူးရွေးကောက်အသုံးပြခြင်းသည် အထူးသဖြင့် အသင်းတော်တွင်း အမှုတော်မြတ်အတွက်ဖြစ်သည်ဟုနားလည်ခံယူထားကြပါသည်။ ထို့ကြောင့် သိက္ခာတင်ခြင်းအခွင့်ရရှိကြသူ ဓမ္မအမှုတော်ဆောင်တို့သည် အသင်းတော်တွင်း ဝတ်ပြုစည်းဝေးများကို ဦးဆောင်ခွင့်၊ တရားဒေသနာဟောကြားခွင့်၊ အသင်းတော်တွင်း ဓမ္မမင်္ဂလာဝတ်များဖြစ်သော ဗတ္တိဇံမင်္ဂလာ၊ ပွဲတော်မင်္ဂလာ၊ ထိမ်းမြားလက်ထပ်ခြင်းမင်္ဂလာ၊ မြေမြှုပ် သင်္ဂြိုလ်ခြင်းမင်္ဂလာနှင့် အခြားသက်ဆိုင်ရာ အသင်းတော်ဂိုဏ်းဂဏအလိုက် အပ်နှင်းထားသောကိစ္စများကို စီရင်ပြုလုပ်ခွင့်ရှိကြပါသည်။