သာကီမျိုး

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဗုဒ္ဓသည် သာကီဝင်မျိုးနွယ်ပင် ဖြစ်သည်။ သာကီဝင်ဆိုသည်မှာ အမျိုးအနွယ်ကို စောင့်ရှောက်ခြင်း ရှိသူများဟု အဓိပ္ပာယ်ရသည်။ တစ်ချိန်က သာကီဝင်မျိုးနွယ်များသည် နိပေါနိုင်ငံ၌ အခြေချနေထိုင်ကြသည်။ သာကီဝင်မျိုးနွယ်များကို အခြားအင်အားကြီး မျိုးနွယ်တစ်စုမှ တိုက်ခိုက်ဖျက်ဆီးသောကြောင့် မြန်မာနိုင်ငံ တကောင်းပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။ မြန်မာသမိုင်း ရာဇဝင်များတွင် မြန်မာနိုင်ငံကို စတင်တည်ထောင်သော ကံရာဇာကြီး ကံရာဇာငယ်တို့သည် သာကီဝင်မျိုးနွယ်များပင် ဖြစ်ကြသည်။ ဤသို့ မြန်မာနိုင်ငံကို ကံရာဇာကြီး ကံရာဇာငယ်တို့မှ စတင်တည်ထောင်ခြင်းကို အစွဲအမှတ်ရှိကြသဖြင့် "မြန်မာအစ တကောင်းက" ဟူ၍လည်းကောင်း၊ မြန်မာလူမျိုးတို့သည် သာကီဝင်မျိုးနွယ်မှ ဆင်းသက်လာကြသည်ဟူ၍ လည်းကောင်း ယုံကြည်ကြသဖြင့် မြန်မာလူမျိုးတို့ကို သာကီမျိုးဟု ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်။