သန့်ရှင်းသော ဝိညာဉ်တော်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သန့်ရှင်းသော ဝိညာဉ်တော်[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ဘုရားသခင်၏ ဝိညာဉ်တော်ကို ရည်ညွှန်း၍ သုံးနှုံးခြင်းဖြစ်သည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ကျမ်းသဘောအရ ယေရှုကဘုရားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏ ဟုသွန်သင်ထားသည် ဖြစ်ရာ၊ သန့်ရှင်းသောဝိညာဉ်တော်ဟု သုံးနှုံး ခြင်းသည် ဘုရားသခင်ကိုယ်တော် တိုင်ကိုသာရည်ညွှန်းပါသည်။ အစ အဦး၌ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းရာ၌ ထိုဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားသည်ဟု ကမ္ဘာဦးကျမ်း ၏ဖေါ်ပြချက်အရလည်း၊ ထိုဖန်ဆင်းခြင်းအမှုကိုပြုသော ဘုရားသခင် သည် ဝိညာဉ်တော်ဖြစ်သည်နားလည်ရပါသည်။

ထို့ပြင်၊ ဣသရေလတို့၏သမိုင်းတွင်းဘုရားသခင်နှင့်ထိတွေ့ခံစားရ သောအတွေ့အကြုံအတွင်းနားလည်မှုအရ၊ ဘုရားသခင်သည် ဝိညာဉ်တော်တန်ခိုးဖြင့် မိမိရွေးချယ်အသုံးပြုသူတို့အပေါ် ဆင်းသက်ကြွလာခြင်းဖြင့် ဘုရားသခင်ကပြောကြားစေလိုသောစကားများကို ပရောဖက် ပြုပြောကြားနိုင်သောအစွမ်း၊ ဝေဖန်ပိုင်းခြားနိုင်သောညာဏ်ပညာ အစွမ်းသတ္တိ (wisdom) ကိုပေးခြင်း၊ လွတ်မြောက်မှု၊ လွတ်လပ်မှု၊ ပြုပြင်ပြောင်လဲမှု၊ တရားမျှတမှု၊ ပေါင်းစည်းညီညွတ်မှု၊ ပြန်လည်သင့်မြတ်လျက်နှီးနွယ်ဆက်စပ်မှုအစွမ်းသတ္တိကိုပေးသောဝိညာဉ်အဖြစ်နားလည်ပါသည်။ ယေရှု၏ ဖွားမြင်ခြင်းသည် ဝိညာဉ်တော်အားဖြင့်ဖြစ်သည်ဟု ယုံကြည်ရာတွင် ယေရှုသည် ဝိညာဉ်တော်အားဖြင့်ဖြစ်ပွားစေသော ဘုရားသခင်၏သားတော်ဖြစ်ပြီး၊ ထိုဝိညာဉ်တော် အစွမ်းသတ္တိအားဖြင့် ယေရှုသည် ဆင်းရဲသားတိုအားမင်္ဂလာသတင်းကောင်းကို ပြောကြားခြင်း၊ မျက်စိကန်းသူတို့အားမျက်စိအလင်းပြန်ရလာစေခြင်း၊ ခြေလက်မစွမ်းသူတို့အားသန်စွမ်းလျှောက်လှမ်းလှုပ်ရှားလာ စေနိုင်ခြင်း၊ အခွင့်အရေးဆုံးရှုံးခံရသူတို့အားရပိုင်ခွင့်များပြန်လည်ရရှိ လာစေခြင်းစသည်တို့ကိုစွမ်းဆောင်နိုင်သည်ဟုနားလည်ပါသည်။၊ တစ်ဖန်၊ ထိုသန့်ရှင်းသော ဝိညာဉ်တော်အစွမ်းတန်ခိုးအားဖြင့် ဘာသာစကားအတားအဆီးများကိုကျော်လွှားပြီး မတူခြားနားကွဲပြားသောလူမျိုးအသီး သီးတို့အားနားလည်မှုရရှိလာစေခြင်း၊ လူသားအကျိုးပြုနိုင်မည့် အစွမ်းအစ (ဝိညာဉ်ဆုကျေးဇူး) အမျိုးမျိုးကို လူတစ်ဦးစီတိုင်းအားတစ်မျိုးစီ စွမ်းဆောင်စေနိုင်ခြင်းစသည်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ သဘောသဘာဝများဖြစ်ပါသည်။ ထိုသန့်ရှင်းသောဝိညာဉ်တော်၏ သဘောသဘာဝတို့ဖြင့်အသက်ရှင်သူအား ဝိညာဉ်စွမ်းသတ္တိရှိသူဟုဆိုပါသည်။