သစ္စာလေးပါး

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

(၁) ဒုက္ခသစ္စာ (၂) သမုဒယသစ္စာ (၃) နိရောဓသစ္စာ (၄) မဂ္ဂသစ္စာ


ရှင်းလင်းချက်[ပြင်​ဆင်​ရန်​]

သစ္စာလေးပါး အမှန်တရားနှင့် ပတ်သက်၍ ဗုဒ္ဓက ပဋိသန္ဓေနေရခြင်းသည် ဒုက္ခ၊ အိုရခြင်းသည် ဒုက္ခ၊ နာရခြင်းသည် ဒုက္ခ၊ သေရခြင်းသည် ဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်များနှင့် အတူယှဉ်တွဲနေရခြင်းသည် ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်များနှင့် ကွေကွင်းရခြင်းသည် ဒုက္ခ၊ အလိုရှိသော အရာများကို မရခြင်းသည် ဒုက္ခ၊ အကျဉ်းချုပ်အားဖြင့် ဤခန္ဓာကြီးကိုပင် ဒုက္ခ” ဟု ဖွင့်ဆိုဟောပြောပေသည်။ ထိုဟောကြားချက်ကိုကြည့်လျှင် ခန္ဓာရှိသောသူ မှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါတွင်မဆို ဤ ဒုက္ခက ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ ဤဒုက္ခများသည် မည်သည့်အတွက်ကြောင့် ဖြစ်သနည်း ဆိုသည်ကို အကြောင်းရှာသည့်အခါ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့် ဖြစ်သည်ဟု ယူဆသည်။ ဒါကိုပင် ဗုဒ္ဓက သမုဒယသစ္စာကို ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနှင့် ထပ်၍ ရှင်းလင်း ဖွင့်ဆိုသည်။ အကြောင်းရှိသောအခါ အကျိုးရှိသကဲ့သို့ အကြောင်း ချုပ်ငြိမ်းလျှင် အကျိုးလည်း ချုပ်ငြိမ်းသော သဘောရှိသည့်အတွက် ဒုက္ခရှိလျှင် ဒုက္ခချုပ်ငြိမ်းကြောင်းလည်း ရှိမည်မှာ အမှန်ပင် ဖြစ်သည်။ ထို့အတွက် ဗုဒ္ဓက နိရောဓခေါ်သော နိဗ္ဗာန်သို့ ရောက်လျှင် ဒုက္ခလည်း ချုပ်ငြိမ်းပြီဟုဆိုကာ နိရောဓသစ္စာကို ဒုက္ခချုပ်ငြိမ်းကြောင်း အမှန်တရားအနေဖြင့် ထပ်မံ၍ ရှင်းလင်း ဖွင့်ဆိုသည်။ ဤသို့ဆိုလျှင် ဒုက္ခချုပ်ငြိမ်းရာကို သွားဖို့ရန်အတွက် ကျင့်ကြံအားထုတ်ရမည့် လမ်းလည်းရှိဖို့ လိုလာပြီဖြစ်သည်။ ထို့အတွက် ဗုဒ္ဓက မှန်ကန်သော အကျင့်လမ်းစဉ် ၈ - မျိုး (မဂ္ဂင်ရှစ်ပါးလမ်းစဉ်) ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်သော ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းကို ရှင်းလင်းပြဆိုသည်။