သင်္ကန်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဗုဒ္ဓဘာသာ ဘုန်းကြီးရဟန်းများ ဝတ်ရုံသော အဝတ်အစားကို သင်္ကန်းဟု ခေါ်သည်။ ထို သင်္ကန်းသည် လယ်ကွက်ပုံစံကဲ့သို့ အကန့်အကွက် ဖြစ်အောင် ပိတ်စများကို ဖြတ်တောက်၍ စတုဂံပုံစံ ချုပ်လုပ်ထားသော ပိတ်စအပြန့်တစ်မျိုးပင် ဖြစ်သည်။ ခါးတွင်ပတ်သော သင်္ကန်းကို သင်းပိုင်ဟု ခေါ်ဆို၍၊ ကိုယ်ပေါ်တွင်ပတ်သော သင်္ကန်းကို ဧကသီဟု ခေါ်ဆိုသည်။ အရောင်အားဖြင့် သစ်ခေါက်များကို ပြုတ်၍ ဆေးဆိုးသောအရောင် ဖြစ်သည့် အညိုရောင်၊ ဝါညိုရောင်များသာ ဖြစ်ကြသည်။