ဝိညာဉ်တော် ဆင်းသက်ကြွလာ ခြင်း၊ ဝိညာဉ်တော်သွန်းလောင်းခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဝိညာဉ်တော် ဆင်းသက်ကြွလာခြင်း၊ ဝိညာဉ်တော်သွန်းလောင်းခြင်း[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

လူတစ်ဦး၊ လူတစ်စုတစ်ဖွဲ့၊ လူမျိုးတစ်မျိုးစသည်ဖြင့် တို့အတွင်း အထက်ဖေါ်ပြပါ ဝိညာဉ်စွမ်းသတ္တိများရှိလာစေခြင်းဖြစ်ရပ်ကို ရည်ညွှန်းသုံးနှုံးခြင်းဖြစ်သည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

“ဆင်းသက်ကြွလာခြင်း” “သွန်းလောင်းခြင်း” စသောအသုံးအနှုံးများသည် နေရာအခြေပြစကားများဖြစ်သည်။ အပြင်တစ်နေရာမှနေ၍လူ တစ်ဦးအပေါ်သို့ ကြွဆင်းလာခြင်းသဘောမျိုးဖြစ်သည်။ ယင်းသည် ဝိညာဉ်တော်ဖြစ်သောဘုရားသခင်က အခြားတစ်နေရာဖြစ်သော ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်ရှိ လူတို့ထံဆင်းသက်ကြွလာခြင်း အဖြစ်ရှုမြင်သောနားလည်မှုဖြစ်သည်။ တစ်နည်းဆိုရသော်၊ ဘုရားမရှိသေးသောနေရာအရပ်သို့ ယခုမှဆင်းသက်ကြွလာသည့်သဘောကို ဆောင်ပါသည်။

သို့သော် ခရစ်ယာန်တို့၏ အခြေခံယုံကြည်ချက်မှာ၊ ဘုရားသခင်သည် နေရာတိုင်း၊ အခြေအနေတိုင်းအတွင်းအစဉ်ရှိနေရုံမက၊ လောက၌ အစဉ်သက်ဝင်လှုပ်ရှားနေသောဘုရားဖြစ်သည်။ ကျွန်ုပ်တို့က သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ၊ အစဉ်အလုပ်လုပ်နေသော ဘုရားဖြစ်သည်။ ထိုသို့ဆိုသော်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် တစ်နေရာမှ တစ်နေရာသို့ ဆင်းသက်ကြွလာခြင်းသဘောဖြင့်နားလည်ခြင်းသည် ဘုရားမရှိသေးသောနေရာ၊ အခြေအနေမျိုးရှိနေကြောင်းဆိုလိုနေသကဲ့ သို့ဖြစ်နေပါသည်။ စင်စစ်အားဖြင့် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်သည် လူအမျိုးမျိုးတို့အတွင်း အသွင်အမျိုးမျိုးဖြင့် လှုပ်ရှားလျက် အားပေးကူညီမစလမ်းပြနေပါသည်။ ထိုသို့ဖြစ်သည်ကို သတိပြုမိသူက မိမိအတွင်းသန့်ရှင်းသောဝိညာဉ်တော်၏ပံ့ပိုးကူညီမှုကိုခံစားရသည့် ခံစားချက်၊ မိမိတို့အတွင်းသန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်ပေါ်လာသောပြောင်းလဲမှု၊ ရှိလာသောအစွမ်းသတ္တိများကို ဝိညာဉ်တော်ဆင်းသက်ကြွလာခြင်း၊ ဝိညာဉ်တော်သွန်းလောင်းခြင်းအဖြစ်ဖေါ်ပြကြခြင်း ဖြစ်သည်။ ဥပမာ၊ ပရောဖက်များအပေါ်၊ ယေရှုအပေါ်၊ ကနဦးတပည့်တော်တို့အပေါ် သန်ရှင်းသောဝိညာဉ်တော်ဆင်းသက်ကြွလာခြင်းဖြင့် သူတို့ခံစားရရှိလာကြသောဝိညာဉ်အစွမ်းသတ္တိများနှင့်ပတ်သက်၍ အမျိုးမျိုးသက်သေခံကြပါသည်။