ဝိညာဉ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ခရစ်ယာန်[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

လူဖြစ်ခြင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရည်ညွှန်းသော သာမန်ယေဘုယျခရစ်ယာန် အသုံးအနှုံးတစ်ခုဖြစ်သည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ယေဘုယျအသုံးအနှုံးဟုဆိုခြင်းမှာ ဝိညာဉ် ဟူသောစကားလုံးသည် အသုံးပြုသူ၏နားလည်ပုံ၊ ဆိုလိုပုံအပေါ်မူတည်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ပထမနားလည်ပုံမှာ၊ ရှေးဂရိတို့၏အတွေးအခေါ်အပေါ်အခြေခံပါသည်။ ထိုအမြင်အရ၊ လူတစ်ယောက်တွင် အစိတ်အပိုင်း သုံးပိုင်းဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။ ယင်းမှာ ခန္ဓာ၊ စိတ် နှင့် ဝိညာဉ် (body, mind and sould) ဟူ၍ဖြစ်ပါသည်။ ဤနေရာတွင် soul ဟု သုံးနှုံးထားသော ဝိညာဉ်သည် ဂရိတို့၏အမြင်အရ ကောင်းကင်ရှိကြယ်များဆီမှလာပြီး ဤလူ့ကိုယ်ခန္ဓာအတွင်း ဝင်ရောက်ကိန်းအောင်းလျက် အသက်ရှင်သောလူ အဖြစ်ရှိနေပါသည်။ ထိုလူသေဆုံးချိန်တွင် ထိုဝိညာဉ်သည် မသေဘဲ မိမိ လာရင်း ကြယ်ဆီသို့ပြန်လည်ထွက်ခွာသွားပါသည်။ အချို့က ထိုဝိညာဉ်ဆိုသည့်အရာကို အတ္တကောင်အဖြစ်နားလည်ကြသည်။ ဒုတိယနားလည်ပုံမှာ ခရစ်ယာန်သမ္မာကျမ်းစာဖေါ်ပြချက်အရ၊ လူကို ဘုရားသခင်က မြေမှုန့်ဖြင့်ဖန်ဆင်းပြီး မိမိ၏ဇီဝအသက်ကိုမှုတ်သွင်းရာ လူသည်အသက်ရှင်သောသူဖြစ်လာပါသည်။ ဤအမြင်အရဆိုပါက၊ လူသည် ခန္ဓာကိုယ်၊ ဇီဝသဘောအားဖြင့် သဘာဝမြေမှုန့်သာဖြစ်သော်လည်း၊ ထိုထက်မက၊ ဘုရားသခင်ပေးသော ဝိညာဉ်သဘောပါသည့် အသက်ရှင်သော သတ္တဝါဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဝိညာဉ် ဟူသောသဘောသည် ရှင်သန်ခြင်းဟု အဓိပ္ပာယ်ရပါသည်။ ဓမ္မဟောင်းကျမ်းသဘောအရ အသုံးပြုသော soul ဟူသောစကားလုံးသည် စင်စစ်အားဖြင့် လူတစ်ကိုယ်လုံး၊ လူ၏အသက်ရှင်မှုတစ်ရပ်လုံးကို ရည်ညွှန်းပါသည်။ အို၊ ငါ့ဝိညာဉ် ထာဝရဘုရားကိုကောင်းကြီးပေးလော့၊ Praise the Lord with all my soul ဟု ဆာလံဆရာကပြောခြင်းသည် မိမိ၏ဘဝတစ်ခုလုံးဖြင့် ဘုရားသခင်ကိုချီးမွမ်းရန်ပြောခြင်း ဖြစ်သည်။ ထို့ကြောင့် soul - ဝိညာဉ်သည် လူ၏အစိတ်အပိုင်းတစ်ခုမျှ သာမဟုတ်ဘဲ၊ လူ၏ရှင်သန်ခြင်းအဖြစ်အခြေတစ်ရပ်လုံးကို ဆိုလို ရည်ညွှန်းကြောင်းနားလည်ရပါသည်။ သို့သော် ဓမ္မသစ်ကျမ်း၊ အထူးသဖြင့် တမန်တော်ရှင်ပေါလုက ဂရိရေခံမြေခံအတွေးအခေါ်နှင့်ယှဉ်လျက်၊ ဂရိတို့နားလည်နိုင်သည့်သဘောဖြင့် လူသည်သေဆုံးပြီးလျှင်၊ ခန္ဓာသည်မြေမှုန့်မှလာသဖြင့် မြေမှုန့်သို့လည်းကောင်း၊ ဝိညာဉ်သည် ဘုရားဆီမှလာသဖြင့် ဘုရားဆီသို့ပြန်သွားမည် ဖြစ်ကြောင်းပြောပါသည်။ သို့သော် ယင်းသည် ဂရိတို့၏နားလည်ပုံအရ မသေနိုင်သည့် ဝိညာဉ်ကိုဆိုလိုခြင်းမဟုတ်ဘဲ၊ လူ့အဖြစ်အခြေတစ်ရပ်လုံး၏ ကယ်တင်ခြင်းအခြေအနေ၊ ထာဝရအသက်ဖြင့် ဘုရားသခင် ရှေ့တော်မှောက်၌ ကုံလုံကြွယ်ဝသောအသက်တာဖြင့် အသက်ရှိခြင်းအခြေအနေကို ရည်ညွှန်းခြင်းဖြစ်သည်ဟု နားလည်ရပါသည်။

ဗုဒ္ဓဘာသာ[ပြင်​ဆင်​ရန်​]

ဗုဒ္ဓဘာသာ ဝေါဟာရများတွင် ဝိညာဉ်ဆိုသော စကားလုံး မရှိပေ။ ဝိညာဏ်ဆိုသော စကားလုံးသာ ရှိပေသည်။ ဝိညာဏ် ဆိုသည်မှာ အထူးသဖြင့် သိခြင်း၊ အာရုံကို သိခြင်းဟု အဓိပ္ပာယ်ရသည်။