ဝတ်ပြုကိုးကွယ်ခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ဝတ်ပြုကိုးကွယ်ခြင်း (worship)သည် ခရစ်ယာန်အသင်းတော်များအတွင်း ဘုရားသခင်အား စုပေါင်းဝတ်ပြုကိုးကွယ်သော ဓမ္မမင်္ဂလာဝတ်တစ်ပါးကို ရည်ညွှန်းပါသည်။ သို့သော် အခြားဓမ္မမင်္ဂလာဝတ်များကဲ့သို့မဟုတ်ဘဲ ဥပုသ်နေ့တွင်သာမက ချိန်းချက်သတ်မှတ်ထားသော မည်သည့်နေ့ရက်အချိန်တွင်မဆို ဝတ်ပြုကိုးကွယ်နိုင်ပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ဘုရားသခင်သည် မိမိတို့အားဖန်ဆင်းပိုင်သအုပ်စိုးသည်သာမက ဘဝတစ်လျှောက်လုံး ကွယ်ကာစောင့်မလျက် မိမိ၏သားသမီးများအဖြစ် အစဉ်လမ်းပြပို့ဆောင်နေသည့် အနန္တကျေးဇူးမေတ္တာဂရုဏာတော်တို့သည် ရေတွက်ချီးမွမ်း၍မကုန်နိုင်ဖြစ်သဖြင့်၊ ဝတ်ပြုကိုးကွယ်ခြင်းအတွင်း ထိုကျေးဇူးမေတ္တာတော်တို့ကို ပြန်လည်ရေတွက်လျက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ မိမိတို့၏အပြစ်များကိုဝန်ချတောင်းပန်လျက် အပြစ်လွှတ်ခြင်းအခွင့်ကိုခံယူခြင်း၊ ဘုရားသခင်၏တရားတော်ဆုံးမဩဝါဒများကို နာကြားခံယူလျက် မိမိတို့၏ဘဝကိုဘုရားအလိုတော်နှင့်အညီဖြစ်စေရန် လိုက်လျှောက်ကျင့်ကြံအားထုတ်ခြင်း၊ မိမိတို့၏ဘဝလိုအပ်ချက်များ၊ အခက်အခဲများအားဖြည့်စွမ်း ရင်ဆိုင်ကျော်လွှားနိုင်မည့် အသိတရား၊ ဉာဏ်ပညာ၊ စွမ်းရည်နှင့်ခွန်အားသတ္တိတို့အတွက် အဘဘုရားသခင်ထံ မှတောင်ခံခြင်းစသည်တို့ပါဝင်ပါသည်။ အသင်းတော်ဂိုဏ်းဂနတို့၏ ဖွဲ့စည်းပုံ၊ ကျင့်သုံးပုံတို့အလိုက် ဝတ်ပြုကိုးကွယ်ပုံနည်းဟန် ခြားနားမှုအမျိုးမျိုးရှိသော်လည်း အဓိကမှာ အထက်ဖေါ်ပြပါ သဘောတရားများ အပေါ်အခြေခံကြပါသည်။ ဖေါ်ပြခဲ့သည့်အတိုင်း ခရစ်ယာန်ဝတ်ပြုကိုးကွယ်ခြင်းသည် ဘုန်းတော်ကြီးများ၊ သင်းအုပ်ဆရာ၊ ဓမ္မဆရားတို့၏ ဦးဆောင်မှုဖြင့်စုပေါင်းပြု လုပ်သည့်ဓမ္မဝတ်ဖြစ်သော်လည်း၊ မိမိတို့တစ်ဦးချင်း မိမိရှိသည့်နေရာတွင် နံဝိဉာဉ်ဖြစ်သောဘုရားသခင်နှင့် စိတ်နှလုံးအားဖြင့် ဆက်သွယ်ဖလှယ်လျက် မိဿဟာယဖွဲ့ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း၏ အနှစ်သာရဖြစ်ပါသည်။ ထို့ပြင်၊ သန့်ရှင်းဖြောင့်မတ်၍တရားမျှတသော ဘုရားသခင်အလိုတော်ရှိသော ဝတ်ပြုကိုးကွယ်ခြင်းသည် တရားမျှတခြင်းကိုပြုစုလျက် ကိုယ်တိုင်အသက်ရှင်သော အကျင့်သီလနှင့်ပြည့်ဝသည့် အသက်တာမျိုးဖြစ်ကြောင်း ဓမ္မဟောင်းပရောဖက်ကြီးများ၏အဆိုအမိန့်များအရ တွေ့ရသကဲ့သို့၊ ယေရှုခရစ်တော်ကိုယ်တော်တိုင်ကလည်း၊ အငယ်ဆုံးသောသူတို့အားပြုခြင်းသည် ငါ့အားပြုခြင်းဖြစ်ကြောင်း မိန့်မှာခဲ့သည်ဖြစ်ရာ၊ ခရစ်ယာန်ဝတ်ပြုကိုးကွယ်ခြင်းသည် ဘုရားရှိခိုးသည့်ပွဲတစ်ပွဲ အဖြစ်မျှသာမဟုတ်ဘဲ၊ မိမိတို့၏ဘဝတစ်လျှောက်လုံး ဘုရားသခင်အလိုတော်ရှိသော ကောင်းမှုပြုသောဘဝဖြစ်ပါသည်။