လူ့ဇာတိခံခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

လူ့ဇာတိခံခြင်း[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ဇာတိခံခြင်း (incarnation) သည် ယေရှုခရစ်တော်၏ဘုရားဖြစ်ခြင်းကို ပေါ်လွင်စွာဖေါ်ပြလိုသော ဖြစ်ရပ်တစ်ခုကို ရည်ညွှန်းသုံးနှုံးခြင်းဖြစ်သည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ဘုရားသခင်သည်လောကလူသားတို့အားကယ်တင်ရန်လောကသို့ လူ့ဇာတိကိုခံလျက် လူသားတစ်ဦးအဖြစ် ဖွားမြင်ခြင်းခံတော်မူသည်ဟု ခရစ်ယာန်များကကျမ်းသဘောအရ ယုံကြည်ခံယူကြပါသည်။ ထိုယုံကြည်ချက်ကို အထူးသဖြင့် ဂရိအတွေးအခေါ်နှင့် ယဉ်ကျေးမှုအတွင်း၌ နားလည်နိုင်ရန်အတွက်ဘုရား၏ လူ့ဇာတိခံယူခြင်းဖြင့် ဖေါ်ပြခြင်းဖြစ်ပါသည်။ ဂရိနတ်ဘုရားများ၏ လူသားအသွင်ဆောင်လျက် လူ့ဘဝအတွင်း ဝင်ရောက်လာပုံမျိုးနှင့် ဥပမာတင်စားဖေါ်ပြခြင်းဖြစ်သည်။ သို့သော် ဂရိတို့နှင့်ခြားနားသည်မှာ၊ ဂရိနတ်ဘုရားများသည် လူ့အသွင်ဆောင်ကြသော်လည်း နတ်ဘုရားစင်စစ်ပင်ဖြစ်ကြသည်။ သို့သော် ယင်းကို လူ့အသွင်ဆောင်ခြင်း (emanation) အဖြစ်ဖေါ်ပြပါသည်။ ခရစ်ယာန်တို့ အနေနှင့်ဖေါ်ပြသော (incarnation) မူကား၊ လူ့ဇာတိကိုခံယူရာ၌ ဘုရားသခင်သည် ယေရှုဟူသော လူသားစင်စစ်ဖြစ်လျက်၊ တစ်ချိန်တည်း၌ ဘုရားစင်စစ်လည်းဖြစ်ကြောင်း အေဒီ ၃၂၅ တွင်ကျင်းပသော နိုင်စင်းကောင်စီ၌ အတည်ပြုလျက် ထိုယုံကြည်ချက်ကို ခရစ်ယန်တိုင်းက နိစိန်ယုံချက်အဖြစ် ခံယူလက်ခံထားကြပါသည်။ လူ့ဇာတိကို ခံယူထားသောကြောင့် ဘုရား၏စိတ်သဘော၊ တန်ခိုးစသည်တို့ ရှိနေလျက်နှင့် တစ်ချိန်တည်း၌ လူ့သဘာဝဖြစ်သော အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဒုက္ခစရိယခံခြင်းဖြင့် လူသားတစ်ဦးဖြစ်လျက်နှင့် ဘုရားသဘောဆောင်လျက် အသက်ရှင်နိုင်ကြောင်း ပြသခဲ့ခြင်းဖြစ်သည်။ လက်တွေ့ ဘဝအတွင်း လူနှင့်အတူရှိသော ဘုရားကိုထင်ရှားစေသည်နည်းတူ၊ ဘုရားနှင့်အတူရှိသော လူ၏ဘဝအသက်ရှင်မှုကို သွန်သင်ခဲ့ခြင်းဖြစ်သည်။