လက်ဝါးကပ်တိုင်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ခရစ်ယာန်တို့၏ ဘာသာနှင့်ယုံကြည်မှုအတွက် အဓိကအကျဆုံးသော သင်္ကေတအမှတ်လက္ခဏာတစ်ခုဖြစ်သည်။ ခရစ်ယာန်ဘာသာကို ကိုယ်စားပြုသောသင်္ကေတအဖြစ်အသုံးပြုပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ယေရှုခရစ်တော်လက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းသည် လူသားတို့၏အပြစ်များအား ဘုရားသခင်၏သိုးသူငယ်ဖြစ်သော ယေရှုခရစ်တော်က ထိုလက်ဝါးကပ်တိုင်ပေါ်သို့ယူဆောင်သွားလျက် အပြီးအပိုင် ချေဖျက်လိုက်သည့် လုပ်ရပ်အဖြစ် ယုံကြည်ခံယူပါသည်။ လူသားတို့ခံရမည့် အပြစ်၏ အကျိုးတရားကို ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ကိုယ်စားဝင်ရောက် ခံစားသွားခြင်းသည် တုနှိုင်း၍မရ၊ ကြီးမားလှစွာသော ဘုရားသခင်၏ အနန္တမေတ္တာတော်ကို ဖေါ်ပြနေကြောင်း ခရစ်ယာန်တို့က ယုံကြည်ခြင်းဖြင့် နားလည်ခံစားကြရပါသည်။ ထို့ကြောင့် လက်ဝါးကားတိုင်တော်၏ အဆုံးစွန်သောရက်စက်ကြမ်းကြုတ်မှု၊ မုန်းတီးမှုများအား ခရစ်ယာန်တို့က နက်ရှိုင်းလှသောဘုရား၏ အဆုံးစွန်သောမေတ္တာတော် ဖေါ်ပြချက်အဖြစ်သို့ ပြောင်းလဲခံယူကြခြင်းဖြင့် အမုန်းတရားကြီးစိုးသော လူ့သမိုင်းကြီးအား ချစ်ခြင်းမေတ္တာဖြင့်ပြောင်းပြန်လှန်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်သည် ခရစ်ယာန်တို့အတွက် အပြစ်တရား၊ အမုန်းတရားတို့အား မေတ္တာဖြင့်၊ ခွင့်လွှတ်ခြင်းတို့ဖြင့် အောင်မြင်ကျော်လွှားသည့် အောင်မြင်ခြင်းအထိမ်းအမှတ် ဖြစ်လာပါသည်။