ရွေးနှုတ်ကယ်တင်ခြင်း/ Predestination

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရွေးနှုတ်ကယ်တင်ခြင်း/Predestination[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ကယ်တင်ခြင်းနှင့်ပတ်သက်၍ နားလည်ပုံတစ်မျိုးဖြစ်သည်။ ကယ်တင်ခြင်းအကျိုးကျေးဇူးကိုဖြစ်ပွားစေသူသည်ဘုရားသခင်ဖြစ်ရာ၊ ဘုရားသခင်က မိမိ၏အလိုတော်အရ ပေးလိုသောသူကို ရွေးခြယ်ခြင်း သဘောကိုဆိုလိုသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

အရာခပ်သိမ်းသည်ဘုရားသခင်၏အလိုတော်အရဖြစ်သည်ဟူသော ယုံကြည်မှုအပေါ်အခြေခံထားသောကြာင့် ကယ်တင်ခြင်းသည် ဘုရားသ ခင်ကသာဆောင်ကျဉ်းနိုင်သည်ဟုနားလည်ပါသည်။ ထိုသို့နားလည်ရာ၌ မူကွဲတစ်ခုမှာ၊ ယုံကြည်သောသူတို့ကိုသာကယ်တင် သည်ဟုနားလည်ပါသည်။ ပိုမိုပြင်းထန်သောမူကွဲတစ်ခု၏နားလည်မှုအရ၊ ဘုရားသခင်က အစကတည်းက မည်သူ့ကိုကယ်တင်ခြင်း (ကောင်းကင်ဘုံ၊ ထာဝရအသက်) သို့ ရောက်စေပြီး၊ အချို့သောသူတို့အား ပျက်စီးခြင်း (ငရဲ) သို့သွားစေရန်ရှေးမဆွကပင် ကြိုတင်ခွဲခန့် သတ်မှတ်ထားသည်ဟုခံယူနားလည်ကြသည်။ ထိုသွန်သင်နားလည်မှုကို ကြိုတင်ခွဲခန့်သတ်မှတ်ခြင်း (predestination) ခေါ်ပါသည်။