ယောဂ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဟိန္ဒူဘာသာ[ပြင်​ဆင်​ရန်​]

ဆုံဆည်းခြင်း၊ စိတ်တည်ငြိမ်အောင်ပြုခြင်း၊ လွတ်မြောက်ခြင်းအတွက် ကျင့်စဉ်။ စိတ်ကိုတစ်နေရာတည်းတွင်စုဆည်း၍ ဘုရားသခင်ထံတွင် တစ်သားတည်း ဖြစ်သွားစေသည့် နည်းလမ်းများကို ဖော်ပြထားသော ဒဿနကျမ်းစာအုပ်။ ရုပ်နှင့်နာမ်ဆုံဆည်းရန်ကျင့်စဉ်။


ဗုဒ္ဓဘာသာ[ပြင်​ဆင်​ရန်​]

တရားဘာဝနာ အားထုတ်ခြင်း၊ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်း၊ တရားထိုင်ခြင်း။

ရှင်းလင်းချက်[ပြင်​ဆင်​ရန်​]

ယခုခေတ်တွင် ကျန်းမာရေးကောင်းမွန်စေရန် ယောဂ လေ့ကျင့်ခန်းများကို လေ့ကျင့်ကြသူများ ရှိကြသည်။ ထို ယောဂကျင့်စဉ်များသည် တရားအားထုတ်ခြင်းမှ ဆင့်ပွားလာသော ကျင့်စဉ်များသာ ဖြစ်ကြသည်။