ယေရှုခရစ်တော်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ယေရှုခရစ်တော်[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ခရစ်ယာန်တို့၏ဘုရားနှင့်တစ်ဂိုဏ်းတည်းထား၍ကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစားခြင်းခံထိုက်သူအဖြစ်ခေါ်ဝေါ်အသုံးပြုသော အမည်နာမ ဖြစ်သည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

“ယေရှု”ဟူသောအမည်သည် မာရိနှင့်ယောသပ်ဟူသောဇနီးမောင်နှံတို့ မှဖွားမြင်သောသားတစ်ဦးကိုမှည့်ဆိုသောအမည်ဖြစ်သည်။ ဖွားမြင်ခြင်း မပြုမီနှင့်ဖွားမြင်ချိန်ထူးခြားသောနိမိတ်ရူပါရုံများကြောင့် ထိုအမည်ကို မှည့်ဆိုခြင်းဖြစ်သည်။ ထိုသို့မှည့်ဆိုရာ၌ရှိနေသောဟီးဗြူးစကားလုံး၏ အဓိပ္ပါယ်မှာ“ကယ်တင်ရှင်” ဖြစ်ပါသည်။ သို့သော် ထိုစဉ်က လူတစ်ဦး ၏အမည်အဖြစ်သာသူ၏အသိုင်းအဝိုင်းကနားလည်လျက် သူ့အပေါ် ဆက်ဆံခဲ့ကြသည်။

“ယေရှု” ဟုအမည်တွင်သူတစ်ဦးအဖြစ်မှ၊ “ခရစ်တော်” ဟူသော နာမ တော်ကိုထည့်သွင်းခေါ်တွင်လာခြင်းသည် ယုံကြည်ခြင်းဆိုင်ရာကိစ္စဖြစ် ပါသည်။ ခရစ်တော် (Christ) သည် လာတင်ဘာသာစကားဖြစ်သော (Christos) ကိုအခြေခံထားခြင်းဖြစ်ပြီး ဓမ္မဟောင်းအတွင်းမှ မေရှိယ (Messiah) ဟူသောစကားနှင့်အဓိပ္ပါယ်တူပါသည်။ ဆိုလိုသညိမှာ ဘု ရားသခင်ရွေးကောက်လျက်ဘိသိတ်ပေးစေခိုင်းသူဖြစ်သည်။ သူသည် ဘုရားသခင်၏ကယ်တင်လွတ်မြောက်စေခြင်းအမှုတော်မြတ်ကို ထမ်း ရွက်ဖို့ရန်လောကသို့စေလွှတ်ခြင်းခံရသူဖြစ်သည်။ ခရစ်ယာန်တို့သည် “ယေရှု”အားဘုရားသခင်ထံမှလာသော ကယ်တင်ရှင်အဖြစ်ယုံကြည် ကြသည်ဖြစ်ရာ “ခရစ်တော်” ဟူသောဘွဲ့နာမဖြင့် ယုံကြည်ကိုးစားကြ ခြင်းဖြစ်ပါသည်။