ယုံကြည်သူ/ မယုံကြည်သူ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ယုံကြည်သူ/မယုံကြည်သူ[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ယင်းသည် သာမန်ခရစ်ယာန်တို့အကြားအများအားဖြင့်ပြောဆို လေ့ရှိ သောစကားအသုံးအနှုံးဖြစ်သည်။ ယေဘုယျအားဖြင့် “ယုံကြည်သူ” ဟူသောစကားလုံးသည်ခရစ်ယာန်အားလုံးကို ရည်ညွှန်းသည်ဟု နား လည်နိုင်ပါသည်။ အကြောင်းမှာ ယေရှူ ခရစ်တော်အား ဘုရားသခင် ၏သားတော်အဖြစ်နှင့် မိမိအတွက် ကယ်တင်ရှင် - ဘုရားသခင် ၏ ကယ်တင်ခြင်းအကြောင်းတရားကိုဖြစ်ပွားစေသူအဖြစ် ခံယူယုံကြည် ထားသူကိုဆိုလိုသောကြောင့်ဖြစ်ပါသည်။ ထိုသို့ ယုံကြည်လက်ခံ နိုင် ခြင်းမရှိသူ၊ ခရစ်ယာန် မဟုတ်သူတို့အား မယုံကြည်သူများဟု ခရစ်ယာန်များကခေါ်လေ့ရှိတတ်ပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ယေရှူခရစ်တော်အား ဘုရားသခင်၏သားတော်အဖြစ်နှင့် မိမိအတွက် ကယ်တင်ရှင် - ဘုရားသခင်၏ကယ်တင်ခြင်း အကြောင်းတရားကို ဖြစ်ပွားစေသူအဖြစ် ခံယူယုံကြည်ထားသူ ပုဂ္ဂိုလ်သည် မိမိ၏ယုံကြည် မှုအတိုင်းလိုက်လျှောက်အသက်ရှင်သူဖြစ်သည်။ ထိုသို့ဆိုပါက၊ ခရစ် ယာန်တိုင်းကိုပင်လျှင် ယုံကြည်သူဟုသတ် မှတ်ရန်အခက်အခဲဖြစ်နိုင် ပါသည်။ ကနဦးခရစ်ယာန်ကာလ၌ ခရစ်ယာန်ဟုအမည်မတွင်မီက၊ ယေရှု၏တပည့်တော်များအား ယေရှု၏တရားတော်အတိုင်းလိုက် လျှောက်သူများ (the followers of the Way) ဟုခေါ်တွင်ကြသည်။ ထိုသူတို့သည် ယုံကြည်သူအစစ်အမှန်ဖြစ်ကြသည်။ သို့သော် နောက် ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့်ခရစ်ယာန်ဖြစ်လာကြသူများနှင့် မိရိုးဖလာခရစ်ယာန်ဖြစ်နေကြသူတို့ရှိသောကြောင့်၊ ယုံကြည်သူ ဟုဆို လျှင် ဘာသာဝင်ဖြစ်သူတိုင်းအားရည်ညွှန်းရန်မှာ ကျမ်း သဘောအရ ဆီလျော်မှုမရှိနိုင်ပါ။ ထို့ပြင် ခရစ်ယာန်မဟုတ်သူတို့အတွင်း ယေရှုခရစ် တော်၏အဆုံးအမနှင့်အညီအသက်ရှင် ကျင့်ကြံနေထိုင်သူများလည်း ရှိကြပေရာ၊ ထိုအသုံးအနှုံးကြောင့် ခွဲခြားဆက်ဆံမှုများဖြစ်လာနိုင်ပါ သည်။ အကြောင်းမှာ၊ယုံကြည်သူများသာလျှင် ခရစ်တော်ယေရှု၏ကယ် တင်ခြင်းအကျိုးတရားနှင့်အကျုံးဝင်သည်ဟု ခရစ်ယာန်အသင်းတော် များက ခံယူသွန်သင်ထားသဖြင့်၊ ယုံကြည်သူ/မယုံကြည်သူဟူသော အသုံးအနှုံးက သူတစ်ဦး၏ကယ်တင်ခြင်းကို ကြိုတင်ခွဲခြားသတ်မှတ် လိုက်သကဲ့သို့ဖြစ်သည်။ ထိုသို့ဆိုခြင်းမှာ၊ ခရစ်ယာန်တို့၏ဓမ္မသဘော ခံယူချက်အရ၊ ယုံကြည်ခြင်းသည် လူ့အပိုင်း၊ လူ့အရည်အသွေး၊ အစွမ်းသတ္တိမျိုး အပေါ်မူမတည်ဘဲ၊ ဘုရားအပိုင်း၊ ဘုရားပေးဆုကျေးဇူး၊ ဘုရားသခင်၏ပြုပြင်မှုအပေါ်လူ၏တုန့်ပြန်မှုဖြစ်သည်။