ယုံကြည်ခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ယုံကြည်ခြင်း[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ခရစ်ယာန်ဘာသာအသုံးအနှုံးအရ ဘုရားသခင် နှင့် ယေရှုခရစ်တော် အပေါ်ယုံကြည်ခြင်းကို ရည်ညွှန်းသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်စကား (faith) ကိုအခြေခံထားခြင်းဖြစ်သည်။ မမြင်ရ သော အရာကိုမျက်မှောက်ပြုခြင်းဟုကျမ်းစာ၌ဖေါ်ပြထားသည်။ ဤယုံကြည်ခြင်းသဘော၌ (trust) ယုံကြည်မှုသည် အခြေခံဖြစ်သည်။ တစ်ဦးအပေါ်တစ်ဦးထားသည့်ယုံကြည်မှုသဘောမျိုးဖြစ်သည်။

သို့သော် လူသားချင်းအကြားယုံကြည်မှုသည် တည်ဆောက်ယူရသော အရာဖြစ်သော်လည်း၊ ဘုရားအပေါ်ယုံကြည်မှုသည် ဘုရား၏ မပြောင်း မလဲတည်မြဲသောမေတ္တာ၊ သစ္စာနှင့် ကတိတော်တို့ အပေါ် အခြေခံ ထား ကြောင်း ခရစ်ယာန်ကျမ်းသဘောအရ နားလည်ကြသည်။ ထို့ကြောင့် ယုံကြည်ခြင်းသည် တယူသန်အစွဲနှင့်ယှဉ်သည့်မျက်ကန်း ယုံကြည်ခြင်း ဖြစ်သော လူ၏အရည်အသွေး၊ စိတ်အခြေအနေတစ်မျိုး မဟုတ်ဘဲ၊ ဘုရားပေးအရည်အသွေးဖြစ်သည်။

ထို့ကြောင့် ယုံကြည်ခြင်း (faith) သည် အကန့်အသတ်စည်းဘောင် တစ်ခု အပေါ်အခြေခံ၍ယုံကြည်သည့်သဘောမဟုတ်ဘဲ၊ လွတ်မြောက် စေခြင်းအစွမ်းသတ္တိနှင့်ယှဉ်သောဘုရားပေး အရည်အသွေးတစ်ရပ် ဖြစ် သည်။

အင်္ဂလိပ်စကား (belief) ကိုလည်းမြန်မာစကားဖြင့် ယုံကြည်ခြင်း ဟုပင် သုံးနှုံးတတ်သည်။ သို့သော် ယင်းသည် ယုံချက်များ (Doctrines, Dogmas, Creeds) စသည့်ခရစ်ယာန်အသင်းတော် ကယုံကြည်ရမည် ဟုချမှတ်ပြဌာန်းထားသောအရာတို့အပေါ် ယုံကြည်ခြင်းကိုရည်ညွှန်း သည်။ ဆိုလိုသည်မှာ သတ်မှတ်ချက် ဘောင်အတွင်းမှ မြင်ရသော တိကျသေချာမှု၊ ကျိုးကြောင်းခိုင်လုံမှု အပေါ်အခြေခံကာ ယုံကြည်ခြင်းဖြစ်သည်။ စွဲမှတ်ခံယူ ယုံကြည်ခြင်း အဖြစ်နားလည်နိုင်ပါသည်။