မာတုရ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ဂရိစကားလုံး Martyria ကိုအခြေခံလျက် မိမိ၏ ခရစ်တော်ယေရှု အပေါ်ယုံကြည်ခြင်းကို အသက်သေသည်အထိ သစ္စာရှိစွာဖြင့် နှိပ်စက်ညှင်းဆဲခြင်းများကို ကြံ့ကြံ့ခံပြီး သက်သေခံသွားကြသောသူတို့ကို ရည်ညွှန်းပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ကနဦး ဖိနှိပ်ညှင်းဆဲခြင်းကာလ အသင်းတော်အတွင်း မိမိတို့၏ ခရစ်တော်အပေါ်သစ္စာရှိမှုကို အသက်သေသည်အထိ ပြသသွားသောသူများစွာ ရှိခဲ့ပါသည်။ အသင်းတော်သည် ထိုသူတို့၏အသက်သွေးဖြင့် သက်သေတည်သော ယုံကြည်ခြင်းဖြင့် ဆက်လက်တည်ဆောက်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုမာတုရများထဲတွင် ထင်ရှားသောအသင်းတော်ခေါင်းဆောင်များပါဝင်သကဲ့သို့၊ မထင်ရှားသောအမည်မသိ သာမန်ယုံကြည်သူအများအပြား ပါဝင်ပါသည်။