ဘိက္ခုနီ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဗုဒ္ဓဘာသာအတွင်းမှ ရဟန်းအမျိုးသမီး (အမျိုးသမီး ဘုန်းကြီး) ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထို ရဟန်းအမျိုးသမီးများသည် ရဟန်းယောက်ျားများ စောင့်ထိန်းခွင့်ရသော စည်းမျဉ်းစည်းကမ်းများအတိုင်း စောင့်ထိန်းခွင့်ရကြသည်။ အဝတ်အစား အသွင်အပြင်မှာလည်း ရဟန်းယောက်ျားများ ဝတ်ဆင်သည့် အတိုင်းပင် ဝတ်ဆင်ကြသည်။ အမျိုးသမီးတစ်ဦး တစ်ယောက်သည် ရဟန်းအဖြစ်ကို ရယူလိုလျှင် ရဟန်းယောက်ျားများ ရဟန်းဘဝကို ရယူသလိုပင် ရယူကြရသည်။ ထို အမျိုးသမီးရဟန်းများ၏ မျိုးဆက်မှာ နှစ်များစွာကတည်းကပင် ပျောက်ဆုံးသွားပြီဖြစ်၍ မြန်မာနိုင်ငံတွင် ရဟန်းအမျိုးသမီးများ မရှိကြပေ။ ယခုခေတ်တွင် မြင်တွေ့နေရသော သီလရှင်များသည် ရဟန်းအမျိုးသမီးစားရင်း၌ ပါဝင်ကြသူများ မဟုတ်ပေ။