ပွဲတော်မင်္ဂလာ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ခရစ်ယာန်အသင်းတော်တွင်း မုန့်နှင့်စပျစ်ရည်ကို အသုံးပြုပြီး စီရင်သော ဓမ္မမင်္ဂလာဝတ်တစ်ပါးကို ရည်ညွှန်းပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ဂရိစကားလုံး eukharistia အား အင်္ဂလိပ်ဘာသာဖြင့် eucharist အဖြစ် အသံထွက်ကိုလိုက်၍ပြန်ဆိုသည်ကို ရောမကာသိုလိတ်အသင်းတော်က Mass ဟု ခေါပြီး၊ ပရိုတက်စတင့်အသင်းတော်များ၌ Holy Communion ပွဲတော်မင်္ဂလာ ဟုခေါ်တွင်ပါသည်။ ယေရှုခရစ်တော် လက်ဝါးကားတိုင်တော်၌ အသေသတ်ခြင်းမခံရမီ တပည့်တော်တို့နှင့်အတူတကွ စားသောက်ခဲ့သည့် နောက်ဆုံးသောညစာကို အစွဲပြုပြီး The Last Super ဟူ၍ ယေရှုခရစ်တော်မှာကြားခဲ့သည့်အတိုင်း အသင်းတော်၏ အရေးအကြီးဆုံးသောဓမ္မမင်္ဂလာဝတ်များအနက် တစ်ပါးအဖြစ် မပျက်မကွက် စီရင်ကျင်းပခြင်းဖြစ်သည်။ ထိုနောက်ဆုံးညစာစားပွဲ၌ ခရစ်တော်က မုန့်နှင့်စပျစ်ရည်ကိုယူ၍ ယင်းသည် သင်တို့အတွက် ကျိုးပဲ့ ကြေမွသောမိမိ၏အသား၊ သင်တို့အတွက်သွန်းလောင်းသောမိမိ၏ အသွေးအဖြစ်တင်စားကာ၊ မိမိကိုအောက်မေ့သတိရသောအားဖြင့် ယူ၍ စားကြလော့ဟုပြောပြီး တပည့်တော်တို့နှင့်အတူစားသောက်ခဲ့ပါသည်။ ထိုကြောင့် ပွဲတော်မင်္ဂလာသည် ခရစ်တော်ကိုယ်တိုင်စီရင်သည်ကို ခံယူရှိပြီး၊ ခရစ်တော်နှင့်ပုဂ္ဂိုလ်ချင်းမိတ်သဟာယဖွဲ့ခွင့်ရသည်ဖြစ်ရာ၊ ယုံကြည်သူခရစ်ယာန်တိုင်း မိမိတို့၏ ခရစ်ယာန်အသက်တာ ခရစ်တော်၌ ဆက်လက်ရှင်သန်ဖွံ့ဖြိုးမှုရှိရေးအတွက် အထူးအရေးကြီးသော မင်္ဂလာဝတ်တစ်ပါးဖြစ်သည်။