ပြိတ္တာ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ငတ်မွတ်ဆာလောင်သောသူ၊ အစားအစာရှာဖွေ၍ လှည့်လည်သွားလာနေသောသူ။

ရှင်းလင်းချက်[ပြင်​ဆင်​ရန်​]

ဗုဒ္ဓဘာသာ၏ အယူအဆတွင် လူတစ်ဦးတစ်ယောက် သေလွန်ခါနီးသောအခါ မကောင်းသော အာရုံတစ်ခုကို စွဲလန်းမိ၍ ပြိတ္တာဘဝသို့ ရောက်ကြရသည်။ ပြိတ္တာဘဝသို့ ရောက်သောအခါ အမြဲတန်းပင် ငတ်မွတ်ဆာလောင်နေတတ်၏။ မည်သို့ပင် စားရသည်ဖြစ်စေ ဝမ်းဝသည်၏ အဖြစ်သို့ မရောက်ရှိနိုင်ပေ။ ထို့ကြောင့် လူတို့၏ အနီးအပါး၌ လှည့်လည် နေထိုင်ပြီး လူတို့ စွန့်ပစ်သော အစားအစာ အကြွင်းအကျန်များကို ကောက်ယူစားသုံးနေကြရသည်။ ပြိတ္တာတို့သည် ပရလောကသား တစ်မျိုးပင် ဖြစ်သည်။