ပဋိစ္စသမုပ္ပါဒ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အကြောင်းကြောင့် ဖြစ်သော အကျိုးတရား။


ရှင်းလင်းချက်[ပြင်​ဆင်​ရန်​]

အတွေ့အထိကြောင့် ခံစားမှု ဝေဒနာ ဖြစ်ပေါ်လာခြင်းသည် အကြောင်းကြောင့် ဖြစ်သော အကျိုးတရားတစ်ခုပင် ဖြစ်သည်။ အတွေ့အထိသည် အကြောင်းဖြစ်၍ ခံစားမှု ဝေဒနာ ဖြစ်ပေါ်လာခြင်းသည် အကျိုးတရားပင် ဖြစ်သည်။ ဤသည်ကိုပင် ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုခြင်းသည်။ ပဋိစ္စသမုပ္ပါဒ်သည် များစွာ ကျယ်ဝန်း၏။ ခံစားမှု ဝေဒနာ ဖြစ်ပေါ်လာလျှင် စွဲလန်းခြင်း ဖြစ်ပေါ်လာသည်။ စွဲလန်းခြင်း ဖြစ်ပေါ်လာလျှင် ကပ်ညိခြင်း ဖြစ်ပေါ်လာသည်။ ကပ်ညိခြင်း ဖြစ်ပေါ်လာလျှင် ဘဝဖြစ်ပေါ်လာသည်။ ဘဝဖြစ်ပေါ်လာလျှင် အိုခြင်း နာခြင်း သေခြင်းတို့ ဖြစ်ပေါ်လာသည်။ ထိုကဲ့သို့ သံကွင်းတစ်ခုနှင့် တစ်ခု ဆက်လျှင် ကြိုးတစ်ချောင်း ဖြစ်လာသကဲ့သို့ ပဋိစ္စသမုပ္ပါဒ်သည်လည်း မရပ်မနား ဆက်ကာဆက်ကာ ဖြစ်ပေါ်လာသည်။