ဒုက္ကရစရိယာ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ခက်ခဲပြင်းထန်သော အကျင့်ကို ဆိုလိုခြင်း ဖြစ်သည်။


ရှင်းလင်းချက်[ပြင်​ဆင်​ရန်​]

ဗုဒ္ဓအလောင်းလျာသည် ဗုဒ္ဓအဖြစ်သို့ မရောက်မီ ခက်ခဲပြင်းထန်သော အကျင့်ကို ၆ နှစ်မျှ ကျင့်ခဲ့သည်။ အစားအစာကို လိုအပ်သည်ထက် လျှော့စားခြင်း၊ အသက်ရှုခြင်းကို ရပ်တန့်၍ ကျင့်ခြင်း၊ နေပူခံခြင်း စသည့်အကျင့်များကို မှားယွင်းစွာ ကျင့်မိခဲ့သည်။ ထိုကျင့်စဉ်များသည် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိနိုင်သော ကျင့်စဉ်များ မဟုတ်ပေ။ မဇ္ဈိမပဋိပဒါ ဟုခေါ်သည့် အလယ်အလတ်လမ်းစဉ်ကို ရှာဖွေတွေ့ရှိသောအခါ ခက်ခဲပြင်ထန်သော ဒုက္ကရစရိယာအကျင့်ကို စွန့်လွှတ်ခဲ့သည်။