ဒိဋ္ဌိ

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အယူ၊ အမြင်။

ရှင်းလင်းချက်[ပြင်​ဆင်​ရန်​]

“ဒိဋ္ဌိ” ၏ မူရင်း အဓိပ္ပာယ်မှာ “အယူ၊ အမြင်” ဟု အဓိပ္ပါယ်ရသည်။ ပါဠိသဒ္ဒါနည်းတွင် မိစ္ဆာဒိဋ္ဌိ = မိစ္ဆာ + ဒိဋ္ဌိ ဟု ဆိုရာ၌ ရှေ့မှ မိစ္ဆာကို ဖျောက်၍ အယူမှား၊ အမြင်မှားဟု ဆိုသည်။ သမ္မာဒိဋ္ဌိ = သမ္မာ + ဒိဋ္ဌိ ဟု ဆိုရာ၌ ရှေ့မှ သမ္မာကို ဖျောက်၍ အယူမှန်၊ အမြင်မှန်ဟု ဆိုသည်။ ဒိဋ္ဌိဟု ဆိုလိုက်သည်နှင့် မှားယွင်းသော အယူကို ယူဆောင်နေသူဟု အတိအကျ ပြောဆို၍ မရနိုင်ပေ။ “မိစ္ဆာဒိဋ္ဌိ” အယူမှားသူ၊ အမြင်မှားသူ။ “သမ္မာဒိဋ္ဌိ” အယူမှန်သူ၊ အမြင်မှန်သူဟု အပြည့်ဝခေါ်ဆိုမှသာလျှင် ပြည့်စုံနိုင်ပေသည်။