ထာဝရအသက်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ထာဝရအသက်[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

သာမန်အားဖြင့် ခရစ်ယာန်တို့က သေလွန်ပြီးနောက်ခံစားရရှိမည့် အသက်ရှင်မှုတစ်ရပ်အဖြစ်နားလည်သုံးနှုံးကြပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ကယ်တင်ခြင်းနှင့်သဘောချင်းတူပါသည်။ ထာဝရငြိမ်းအေးခြင်း၊ တည်မြဲခြင်း၊ ဘုရားသခင်ရှေ့တော်မှောက်၌အစဉ်ထာဝရ အသက်ရှင်ခြင်း စသောအဓိပ္ပါယ်များကိုဆောင်ပါသည်။ သမ္မာကျမ်းအသုံးအနှုံး ဖြစ်ပြီး ကုံလုံကြွယ်ဝသောအသက်တာဟုလည်း ဖေါ်ပြပါသည်။ ဤနေရာတွင် “ဘဝ” ဟူသောစကားလုံးကို ခရစ်ယာန်တို့က “အသက်တာ” ဟုသုံးနှုံးလေ့ရှိသဖြင့်၊ ဘဝကို ရှင်သန်နေသောအသက် အဖြစ်ကျမ်းသဘောကိုအခြေခံ၍နားလည်ခြင်းဖြစ်သည်။ ထိုသို့ ရှင်သန်နေသောအသက်ကို ဘုရားကပေးခြင်းဖြစ်သည်။ ဘုရားပေးသော အသက်ဖြစ်သဖြင့် တန်ဖိုးဖြတ်၍မရ။ ဘုရား၌ရှင်သောအသက် ဖြစ်သဖြင့် အဆုံးအစမရှိ။ ထို့ကြောင့် ဘဝတစ်ခုကို မွေးဖွားခြင်းမှ သေဆုံးခြင်းအထိသာဖြစ်သော အကန့်အသတ်ဘောင်တစ်ခုအဖြစ်ထက်မက ဖြစ်ပြီး၊ ထိုအကန့်အသတ်ကိုကျော်လွန်သောအခြေအနေ၊ ထိုဘဝ၏ အကန့်အသတ်ကိုဖြစ်စေသည့် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စသည်တို့မှ လွတ်ကင်းသောအခြေအနေကို ထာဝရအသက်ဟု နားလည်ခြင်းဖြစ်သည်။