တပည့်တော်/ တမန်တော်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

တပည့်တော်/တမန်တော်[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

တပည့်တော်ဟူသောအသုံအနှုံးသည် အင်္ဂလိပ်စကားအရ (disciple) ကိုဆိုလိုခြင်းဖြစ်သည်။ ယေရှုခရစ်တော်အသက်ရှင် ထင်ရှားစဉ်က သူ ၏နောက်လိုက်များအား တပည့်တော်ဟု ကျမ်းစာ၌ရည်ညွှန်းဖေါ်ပြ ထားသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ယေရှုခရစ်တော်၏တရားတော်အဆုံးအမများအတိုင်း ကျင့်ကြံ လိုက် လျှောက်လျက်အသက်ရှင်သူဟုအဓိပ္ပါယ်ရပါသည်။ ယေရှု၏နောက် တော်လိုက်များအတွင်း အနီးကပ်တပည့်တော် ၁၂ ပါးရှိ သည်ဟုကျမ်း စာအရမှတ်တမ်းတင်ထားပါသည်။ ထို တပည့်တော် များအားဖြင့်ယေရှု ၏သာသနာကျယ်ပြန့်ထွန်းကားခဲ့သည်။ သူတို့ကို “တမန်တော်” များ ဟုလည်းခေါ်ပါသည်။ ဆိုလိုသည်မှာ သူတို့သည် ယေရှုခရစ်တော်၏ တရားတော်သွန်သင်မှု အဆုံးအမများကို သူတို့ ၏ဘဝနှင့်ကျင့်ကြံအား ထုတ်မှုများ အားဖြင့် လောကလူသားတို့ထံသို့ ဆက်သွယ်ပို့ဆောင်ပေး သည့် သံတမန်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည်အသင်းတော် ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုခြင်း ခံကြရသည်။ သို့သော် နောက်ပိုင်း၊ ခရစ်ယာန်အသင်းတော်သမိုင်းအတွင်း ပြောင်းလဲလာသော အခြေအနေနှင့်ဓမ္မကြောင်းအမြင်များအရ၊ ယုံကြည်သူခရစ်ယာန် တိုင်းတပည့်တော်များ၊ တမန်တော်များဖြစ်ကြသည်ဟုခံယူလာကြသည်။