ညောင်ရေသွန်းပွဲတော်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မြန်မာတို့၏ ၁၂ တွင် ကဆုန်လသည် ဗုဒ္ဓမွေးဖွားသောလ၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသောလပင် ဖြစ်သည်။ ထို ကဆုန်လ၏ လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ်သတ်မှတ်ပြီး ဗုဒ္ဓ တရားအမြင်ရရှိရာ ညောင်ပင်ရင်း၌ ရေသွန်းလောင်းခြင်းဖြင့် ဗုဒ္ဓကို အမှတ်ရ ပူဇော်သည့် ပွဲများကို ပြုလုပ်ကြသည်။ ဤသည်ကိုပင် ညောင်ရေသွန်းပွဲတော်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။