ဈာန်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဟိန္ဒူဘာသာ[ပြင်​ဆင်​ရန်​]

ကမ္မဋ္ဌာန်းတွင် စိတ်အာရုံတစ်နေရာတည်း စုဆည်းမှု။ တစ်နေရာမှ တစ်နေရာသို့ ဘုန်းတန်ခိုးဖြင့် ကြွတော်မူခြင်း။

ဗုဒ္ဓဘာသာ[ပြင်​ဆင်​ရန်​]

ကသိုဏ်းအစရှိသော အာရုံကို ကပ်၍ ရှုမှတ်ခြင်း၊ ဝိပဿနာ၏ အခြေခံဖြစ်သော ဈာန်။

ရှင်းလင်းချက်[ပြင်​ဆင်​ရန်​]

မြေပြင်ပေါ်တွင် ဆန်ကောအရွယ်ပမာဏ ရှိသော အဝိုင်းတစ်ခုကို မှတ်သား၍ စူးစိုက်ကြည့်ရှုနေခြင်းကို ပထဝီကသိုဏ်း (မြေကသိုဏ်း) ရှုခြင်းဟု ခေါ်သည်။ ထိုသို့ ရှုမှတ်ပါများလျှင် အခြားအာရုံသို့ စိတ်မပျံ့လွင့်တော့ပဲ ထိုဆန်းကောအရွယ် အဝန်းအဝိုင်းကိုသာ စိတ်ထဲ စွဲမြဲနေ၏။ ကြာသောအခါတွင် တည်ကြည်သောစိတ် ဖြစ်ပေါ်လာ၍ ဈာန်စိတ်သို့ ရောက်ရှိသည်။ ဤသည်ကိုပင် ဈာန်ဟူ၍ ခေါ်ဆိုသည်။