စီရင်ခြင်း

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

ခရစ်ယာန်တို့အများအားဖြင့်နားလည်သုံးနှုံးရာတွင် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏တရားမျှတစွာတရားစီရင်မည့်အခြေအနေကို ရည်ညွှန်းပါသည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ကျွန်ုပ်တို့သည် လူလူချင်းမစီရင်ရန်၊ စီရင်ပိုင်သောအခွင့်သည် ဘုရားသခင်၌သာရှိကြောင်း ယေရှုခရစ်တော်ကသွန်သင်ဆုံးမထားပါသည်။ ဘုရားသခင်က စီရင်သည်ဟုဆိုရာ၌၊ မိမိပြုခဲ့သည့်အမှုအတိုင်း စီရင်ခြင်း ဖြစ်သောကြောင့်၊ စင်စစ်အားဖြင့် မိမိစိုက်သည့်အတိုင်း ပြန်လည်ရိတ် သိမ်းကြရခြင်းပင်ဖြစ်သည်။ ယင်းသည် နောက်ဆုံးသောကာလကျမှသာ စီရင်ခြင်းမဟုတ်ဘဲ အချိန်နှင့်အမျှ မိမိ၏လုပ်ဆောင်ချက်အပေါ် တာဝန်ယူကြရခြင်းဖြစ်ကြောင်းနားလည်ပါသည်။