စကြဝဠာလုံးဆိုင်ရာကယ်တင်ခြင်းUniversal Salvation

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

စကြဝဠာလုံးဆိုင်ရာကယ်တင်ခြင်း[ပြင်​ဆင်​ရန်​]

အသုံးအနှုံး[ပြင်​ဆင်​ရန်​]

စကြဝဠာလုံးဆိုင်ရာကယ်တင်ခြင်း(Universal Salvation)အမြင်သည် အထက်ဖေါ်ပြပါကယ် တင်ခြင်းဆိုင်ရာအမြင်များနှင့် ခြားနားပြီး၊ ဘုရားသခင်၏ကယ်တင်ခြင်းကို လူတိုင်းအတွက်သာမက၊ ဖန်ဆင်းခြင်းလောကတစ်ရပ်လုံးအတွက် အကျိုးသက်ရောက်မှုရှိကြောင်းခံယူနားလည်၍ သုံးနှုံးခြင်းဖြစ်သည်။

အဓိပ္ပါယ်/နောက်ခံ[ပြင်​ဆင်​ရန်​]

ဘုရားသခင်၏လူသားတို့အပါအဝင်မိမိ၏ဖန်ဆင်းခြင်းလက်ရာတော် တစ်ရပ်လုံးကို တန်ဖိုးထားချစ်မြတ်နိုးသည်ဖြစ်ရာ၊ ထိုဖန်ဆင်းခြင်း တစ်ရပ်လုံး၏ပျက်စီးခြင်းသို့မရောက်စေခြင်းငှါ မိမိ၏မေတ္တာ၊ ဂရုဏာ နှင့်ကျေးဇူးတော်နှင့် ပတ်စည်းစေါင့်ထိန်းခြင်းသည်ပင်လျှင် ဖေါ်ပြပါ ကယ်တင်ခြင်းအကျိုးတရားပင်ဖြစ်သည်။ ထိုသို့ ဘုရားသခင်၏ကျေးဇူးတရားသည် စကြဝဠာတစ်ခုလုံးကိုခြုံငုံ သောကြောင့် ကယ်တင်ခြင်း ဆိုင်ရာ၌ အားလုံးအကြုံးဝင်သည်ဟုနားလည်ခံယူခြင်းဖြစ်သည်။