ဂျီဟတ်

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဂျီဟဟ် (အသံထွက်များ) JIHAD[ပြင်​ဆင်​ရန်​]

ဂျီဟတ်ဟူသော ဝေါဟာရ ဆင်းသက်လာသည့် ရင်းမြစ်စကားလုံးမှာ ‘ဂျီဟာဒါ’ ဖြစ်ပါသည်။ ဝီရိယ စိုက်ထုတ်ကြိုးပမ်းမှု၊ ရုန်းကန်မှု၊ အားထုတ်မှု TO STRIVE, TO STRUGGLE, TO TRY HARD, TO EXERT EFFORT, ENDEAVOR ဟူ၍ အဓိပ္ပါယ်ရပါသည်။ ဘာသာရေးစစ်ပွဲ (RELIGIOUS WAR), မြင့်မြတ်သည့်စစ်ပွဲ (HOLY WAR) စသည့်အဓိပ္ပါယ်များလားလားမျှ မဟုတ်ပါ။ မည်သည့်စစ်ပွဲမှ ဘာသာရေးနှင့် ဆက်စပ်ခြင်း၊ မြင့်မြတ်ခြင်းကို မဖြစ်နိုင်ပါ။ (NO WAR CAN BE RELIGIOUS OR HOLY)။

ဆင်းရဲခြင်း၊ စာမတတ်မြောက်ခြင်း၊ ဖိနှိပ်ခံရခြင်းစသည့် မညီမျှမှု၊ နိမ့်ကျမှုများမှ လွတ်ကင်းအောင် ကြိုးပမ်းအားထုတ်မှုတို့ကို ဂျီဟဒ်ဟုခေါ်ပါသည်။ နှလုံးသားမှ အကုသိုလ်စိတ်ကို တွန်းလှန်ခြင်းမှာ အမြတ်ဆုံး ဂျီဟတ်ဟု မဟာတမန်တော်မြတ်မိန့်ပါသည်။ မင်းဆိုးမင်းညစ်၏ အဓ္ဓမမှုတို့အား ထောက်ပြဝေဖန်မှုကိုလည်း ဂျီဟတ်ဟု တရားတော်က ဖွင့်ဆိုထားပါသည်။ ဘာသာမတူသူတို့၏ ကြိုးပမ်းအားထုတ်မှုအား ဂျီဟဒ်ဟူသော အသုံးအနှုန်းဖြင့် ကုန်အန် ကျမ်းမြတ်တွင် ဖော်ပြထားပါသည်။ လောကကိုအလှဆင်၍ ကောင်းမှုမှန်သမျှ ပြုခြင်း၊ အဖျက်အမှောက်လုပ်ငန်းမှန်သမျှ ရှောင်ခြင်းတို့အား အလ္လာဟ်လမ်း၌ ကြိုးပမ်းမှုဟု ကု(န်)အာန် ကျမ်းမြတ်တွင် အကြိမ်ကြိမ်ဖော်ပြထားပါသည်။

မတရားဖိနှိပ်ခံရမှုနှင့် အဓမ္မကျူးကျော်တိုက်ခိုက်ခံရပါက မလွှဲမရှောင်သာသော အခြေအနေတွင် ပြန်လည်ခုခံခွင့် (SELF DEFENSE)ကို တရားတော်က အကန့်အသတ် (CONDITIONS) မြောက်များစွာ ဖြင့် ခွင့်ပြုထားပါသည်။ ယင်းကဲ့သို့ မတရားကျူးကျော်စစ်ကို ခုခံကာကွယ်ရာတွင် မိမိဘက်မှ မလွန်ကျူးဘဲ တစ်ဖက်မှ ငြိမ်းချမ်းရေးလိုလားကြောင်း နိမတ်လက္ခဏာပြသည်နှင့် ငြိမ်းချမ်းရေး ရယူရမည်ဖြစ်သည်။ စစ်ရပ်စဲသွားချိန်တွင် ရန်သူတို့အား ဘေးကင်းလုံခြုံရာကို အစောင့်အကြပ်တို့ဖြင့် ပို့ဆောင်ပေးရန်ကိုလည်း တရားတော်က သတ်မှတ်ထားပါ သည်။

အရေးကြီးဆုံးအချက်မှာ ခုခံကာကွယ်ရေးစစ်တို့မှာ ဘာသာသာသနာကြီးထွားရန် မဟုတ်သလို တစ်ပါးသူ၏ တိုင်းနိုင်ငံတို့ကို အဓမ္မမတရားနယ်ချဲ့လွှမ်းမိုးခြင်း လုံးဝမဟုတ်ပါ။ သာသနာရေးတွင် အဓမ္မ စနစ်မရှိစေရဟူ၍လည်းကောင်း၊ အမှန်တရားကို အသိပညာဉာဏ် အလိမ္မာဖြင့် ချိုသာအေးမြစွာ ဖိတ်ခေါပြီး ကာယကံရှင်မှ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်ဟူ၍လည်းကောင်း တရားတော်၌ ဖော်ပြထားပါသည်။ အစ္စလာမ်ဘာသာတွင် သာသနာပြုခြင်းဟူသော အယူအဆ (MISSIONARY AND PRO CONCEPT) ဟူ၍ပင် မရှိပါ။