ခလီဖွှာဟ် (Caliph)

Religious Terms for Activists & Journalists မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မဟာတမန်တော်မြတ်ကြီး၏ ဓမ္မအမွေတော်စား၊ အရိုက်အရာကို ဆက်ခံသည့် မဟာသာဝကကြီး (၄)ပါးကို ခလီဖွှာဟ် သမ္မတကြီးများဟု ခေါ်ပါသည်။ ယင်းခလီဖွှာကြီးများသည် ပြည်သူ့ကိုယ်စားလှယ်ကြီးများ ဖြစ်၏။ နောက်ဆုံး စတုတ္ထခလီဖွှာဟ် အလီသခင်နောက်တွင် ပဒေသရာဇ်စနစ်၏ သက်ဦးဆံပိုင်ဘုရင်များ ပေါ်ပေါက်လာ၏။ ယင်းတို့တွင် မင်းကောင်း မင်းမြတ်များ ပါသလို၊ တရားမစောင့်သည့်မင်းဆိုးမင်းညစ်များလည်း ပါ၏။ အဆိုပါဘုရင်များကလည်း ခလီဖွှာဟ်ဘွဲ့ခံကြ၏။